ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း နန်ကသူဆည်နဲ့ ကညင်ဆည် ရေပေးဝေရေး မြောင်းတွေ ဖြတ်သန်းဖောက်လုပ်ရာမှာ လယ်မြေတွေဆုံးရှုံးခဲ့ရလို့ လယ်သမားတွေက နစ်နာကြေး အမြန်ပေးဖို့ တောင်းဆိုနေကြပါတယ်။
နန်ကသူဆည်ဘက်မှာ တောင်သူ ၂၁ ဦးက လယ်မြေ ၅၇ ဧကအတွက် လည်းကောင်း ကညင်ဆည်ဘက်မှာတော့ လယ်သမား၂၇၇ ဦးက လယ်မြေ ၂၆၆ ဧကတို့အတွက်လည်းကောင်း နစ်နာလျော်ကြေး အလိုရှိနေကြတာပါ။
အင်္ဂပူမြို့နယ်၊ စေတီခုံကျေးရွာနေသူ လယ်သမား ကိုအောင်ဇော်ဝင်းက “ကျနော်တို့ရဲ့ ဆုံးရှုံးမှု၊ နစ်နာမူတွေကို ဌာနဆိုင်ရာအဆင့် လွှတ်တော်ကိုယ်စားလှယ် အဆင့်ကို တိုင်တန်းပြီး ဖြစ်ပါတယ်။ အဲဒီလို တိုင်တန်းပြီး ဖြစ်ပေမယ့် ကျနော်တို့ရဲ့ ဆုံးရှုံးမှုတွေကို တစုံတရာမှ အကြောင်းကြားလာခြင်း မရှိပါဘူး။ ဆည်ဖောက်လုပ်စဉ်ကလည်း ကျနော့်လယ်တွေ ဆုံးရှုံးသွားတော့ လူမှုရေး၊ စီးပွားရေးတွေ ဒုက္ခရောက်ခဲ့ရပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဆုံးရှုံးနစ်နာကြေးကို အမြန်ပေးပါလို့ တောင်းဆိုရပါတယ်”လို့ ပြောပါတယ်။
နန်ကသူဆည်နဲ့ ကညင်ဆည်က နွေစပါး စိုက်ပျိုးဖို့ ရေပေးဝေတာနဲ့ တပိုင်တနိုင် လျှပ်စစ်ထုတ်လုပ်တာတွေကို လုပ်ဆောင်နေကြပါတယ်။
နန်ကသူသည်ကတော့ အင်္ဂပူတမြို့နယ်တည်းကိုသာ ဆည်ရေပေးဝေပြီး ကညင်ဆည်ကတော့ အင်္ဂပူနဲ့ မြန်အောင် နှစ်မြို့နယ်အတွက် ရေပေးဝေနေတာပါ။
လယ်ယာမြေတွေဆုံးရှုံးမှုအတွက် လယ်သမားတွေနဲ့ ဌာနဆိုင်ရာတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ အကြိမ်ကြိမ် တွေ့ဆုံခဲ့ပေမယ့် တစုံတရာ ထူးခြားမှု ဒီနေ့အထိ မရှိသေးလူးလို့ အင်္ဂပူမြို့နယ်၊ ကံဆယ်ရွာနေသူ လယ်သမား ဦးအောင်ဝင်းက ပြောပါတယ်။
“နန်ကသူနဲ့ ကညင်ဆည် ဖောက်လုပ်စဉ်ကလည်း ကျနော်တို့ လယ်သမားတွေကို တစုံတရာ အကြောင်းကြား မလုပ်ဘူး။ ဒီအတိုင်း ဖောက်လိုက်တာပဲ။ အဲဒီမှာ ကျနော်တို့ လယ်ယာမြေတွေ အများကြီး ဆုံးရှုံးသွားတယ်။ အဲဒါတွေကြောင့် ဌာနဆိုင်ရာ အဆင့်ဆင့်တွေကို အထပ်ထပ် အကြိမ်ကြိမ် အခါခါ ပြောတယ်။ တောင်းဆိုတယ်။ ဒါပေမဲ့ ခုအချိန်အထိ ဘာမှ မထူးခြားသေးဘူး။ အဲဒီလို ဖြစ်နေတော့ ကျနော်တို့ တောင်သူလယ်သမားတွေက ဆုံးရှုံးမူတွေ အများကြီး ဖြစ်ပြီးတော့ ကျောင်းသားတွေ၊ သက်ကြီးရွယ်အိုတွေ အရမ်းဒုက္ခရောက်ကုန်ကြတယ်။ အဲဒါကြောင့်မို့ လျော်ကြေး နစ်နစ်ကြေးကို အမြန်ပေးစေချင်ပါတယ်”လို့ ပြောပါတယ်။
ဟင်္သာတခရိုင်အတွင်းမှာ ဆည်ပေါင်း ၄ ခု တည်ရှိနေပြီး အဲဒီဆည်တွေ တည်ဆောက်စဉ်ကလည်း ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို ဒီနေ့အထိ ဆုံးရှုံးနစ်နာကြေး ပေးလျော်တာ မရှိသေးပါဘူး။
အင်္ဂပူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုဝန်ကြီးဌာန ဦးဇော်ဝင်း ဦးစီးအရာရှိ “ကျနော်တို့တွေ ဆည်တည်ဆောက်စဉ်က နွေစပါးစိုက်ဖို့ တည်ဆောက်တယ်ပေါ့။ အဲဒီမှာ လယ်မြေတွေကို အသုံးချခဲ့ရပါတယ်။ အဲဒီတုန်းကတော့ သက်ဆိုင်ရာက လျော်ကြေး နစ်နာကြေးတွေ ထည့်တွက်မစဉ်းစားခဲ့ဘူးပေါ့။ ခုနောက်ပိုင်းခေတ်တွေ ရောက်တော့ သက်ဆိုင်ရာကလည်း ဒါတွေ ထည့်စဉ်းစားလာတော့ တောင်းဆိုလာကြတာပေါ့။ တောင်သူတွေ တင်ပြတော့ ကျနော်တို့ ကွင်းဆင်း စစ်ဆေးတယ်။ ပြီးတော့ သက်ဆိုင်ရာအဆင့်ကို တင်ထားပါတယ်။ ” လို့ ပြောပါတယ်။
နန်ကသူဆည်ကို ၁၉၉၅ ခုနှစ်က စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်မှာ နွေစပါး စိုက်ပျိုးဖို့ ရေစတင်ပေးဝေခဲ့ပါတယ်။ ကညင်ဆည်ကတော့ ၂၀၀၅ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်မှာ ရေစတင်ပေးဝေခဲ့ပါတယ်။ သတင်း-သန်းထိုက်မြင့်
အဂၤပူၿမိဳ႕နယ္၌ ဆည္ေရေျမာင္းအတြက္ လယ္ေျမဆုံးရႈံးခဲ့ရသျဖင့္ နစ္နာေၾကးေတာင္းဆို DVB ဧရာဝတီတိုင္း၊ အဂၤပူၿမိဳ႕နယ္အတြင္း နန္ကသူဆည္နဲ႔ ကညင္ဆည္ ေရေပးေဝေရး ေျမာင္းေတြ ျဖတ္သန္းေဖာက္လုပ္ရာမွာ လယ္ေျမေတြဆုံးရႈံးခဲ့ရလို႔ လယ္သမားေတြက နစ္နာေၾကး အျမန္ေပးဖို႔ ေတာင္းဆိုေနၾကပါတယ္။
နန္ကသူဆည္ဘက္မွာ ေတာင္သူ ၂၁ ဦးက လယ္ေျမ ၅၇ ဧကအတြက္ လည္းေကာင္း ကညင္ဆည္ဘက္မွာေတာ့ လယ္သမား၂၇၇ ဦးက လယ္ေျမ ၂၆၆ ဧကတို႔အတြက္လည္းေကာင္း နစ္နာေလ်ာ္ေၾကး အလိုရွိေနၾကတာပါ။ အဂၤပူၿမိဳ႕နယ္၊ ေစတီခုံေက်း႐ြာေနသူ လယ္သမား ကိုေအာင္ေဇာ္ဝင္းက “က်ေနာ္တို႔ရဲ႕ ဆုံးရႈံးမႈ၊ နစ္နာမူေတြကို ဌာနဆိုင္ရာအဆင့္ လႊတ္ေတာ္ကိုယ္စားလွယ္ အဆင့္ကို တိုင္တန္းၿပီး ျဖစ္ပါတယ္။ အဲဒီလို တိုင္တန္းၿပီး ျဖစ္ေပမယ့္ က်ေနာ္တို႔ရဲ႕ ဆုံးရႈံးမႈေတြကို တစုံတရာမွ အေၾကာင္းၾကားလာျခင္း မရွိပါဘူး။ ဆည္ေဖာက္လုပ္စဥ္ကလည္း က်ေနာ့္လယ္ေတြ ဆုံးရႈံးသြားေတာ့ လူမႈေရး၊ စီးပြားေရးေတြ ဒုကၡေရာက္ခဲ့ရပါတယ္။ အဲဒါေၾကာင့္မို႔လို႔ က်ေနာ္တို႔ ဆုံးရႈံးနစ္နာေၾကးကို အျမန္ေပးပါလို႔ ေတာင္းဆိုရပါတယ္”လို႔ ေျပာပါတယ္။ နန္ကသူဆည္နဲ႔ ကညင္ဆည္က ေႏြစပါး စိုက္ပ်ိဳးဖို႔ ေရေပးေဝတာနဲ႔ တပိုင္တႏိုင္ လွ်ပ္စစ္ထုတ္လုပ္တာေတြကို လုပ္ေဆာင္ေနၾကပါတယ္။ နန္ကသူသည္ကေတာ့ အဂၤပူတၿမိဳ႕နယ္တည္းကိုသာ ဆည္ေရေပးေဝၿပီး ကညင္ဆည္ကေတာ့ အဂၤပူနဲ႔ ျမန္ေအာင္ ႏွစ္ၿမိဳ႕နယ္အတြက္ ေရေပးေဝေနတာပါ။ လယ္ယာေျမေတြဆုံးရႈံးမႈအတြက္ လယ္သမားေတြနဲ႔ ဌာနဆိုင္ရာေတြ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အႀကိမ္ႀကိမ္ ေတြ႕ဆုံခဲ့ေပမယ့္ တစုံတရာ ထူးျခားမႈ ဒီေန႔အထိ မရွိေသးလူးလို႔ အဂၤပူၿမိဳ႕နယ္၊ ကံဆယ္႐ြာေနသူ လယ္သမား ဦးေအာင္ဝင္းက ေျပာပါတယ္။ “နန္ကသူနဲ႔ ကညင္ဆည္ ေဖာက္လုပ္စဥ္ကလည္း က်ေနာ္တို႔ လယ္သမားေတြကို တစုံတရာ အေၾကာင္းၾကား မလုပ္ဘူး။ ဒီအတိုင္း ေဖာက္လိုက္တာပဲ။ အဲဒီမွာ က်ေနာ္တို႔ လယ္ယာေျမေတြ အမ်ားႀကီး ဆုံးရႈံးသြားတယ္။ အဲဒါေတြေၾကာင့္ ဌာနဆိုင္ရာ အဆင့္ဆင့္ေတြကို အထပ္ထပ္ အႀကိမ္ႀကိမ္ အခါခါ ေျပာတယ္။ ေတာင္းဆိုတယ္။ ဒါေပမဲ့ ခုအခ်ိန္အထိ ဘာမွ မထူးျခားေသးဘူး။ အဲဒီလို ျဖစ္ေနေတာ့ က်ေနာ္တို႔ ေတာင္သူလယ္သမားေတြက ဆုံးရႈံးမူေတြ အမ်ားႀကီး ျဖစ္ၿပီးေတာ့ ေက်ာင္းသားေတြ၊ သက္ႀကီး႐ြယ္အိုေတြ အရမ္းဒုကၡေရာက္ကုန္ၾကတယ္။ အဲဒါေၾကာင့္မို႔ ေလ်ာ္ေၾကး နစ္နစ္ေၾကးကို အျမန္ေပးေစခ်င္ပါတယ္”လို႔ ေျပာပါတယ္။ ဟသၤာတခ႐ိုင္အတြင္းမွာ ဆည္ေပါင္း ၄ ခု တည္ရွိေနၿပီး အဲဒီဆည္ေတြ တည္ေဆာက္စဥ္ကလည္း ဆုံးရႈံးသြားတဲ့ လယ္ယာေျမေတြကို ဒီေန႔အထိ ဆုံးရႈံးနစ္နာေၾကး ေပးေလ်ာ္တာ မရွိေသးပါဘူး။ အဂၤပူၿမိဳ႕နယ္ ဆည္ေျမာင္းႏွင့္ေရအသုံးခ်မႈဝန္ႀကီးဌာန ဦးေဇာ္ဝင္း ဦးစီးအရာရွိ “က်ေနာ္တို႔ေတြ ဆည္တည္ေဆာက္စဥ္က ေႏြစပါးစိုက္ဖို႔ တည္ေဆာက္တယ္ေပါ့။ အဲဒီမွာ လယ္ေျမေတြကို အသုံးခ်ခဲ့ရပါတယ္။ အဲဒီတုန္းကေတာ့ သက္ဆိုင္ရာက ေလ်ာ္ေၾကး နစ္နာေၾကးေတြ ထည့္တြက္မစဥ္းစားခဲ့ဘူးေပါ့။ ခုေနာက္ပိုင္းေခတ္ေတြ ေရာက္ေတာ့ သက္ဆိုင္ရာကလည္း ဒါေတြ ထည့္စဥ္းစားလာေတာ့ ေတာင္းဆိုလာၾကတာေပါ့။ ေတာင္သူေတြ တင္ျပေတာ့ က်ေနာ္တို႔ ကြင္းဆင္း စစ္ေဆးတယ္။ ၿပီးေတာ့ သက္ဆိုင္ရာအဆင့္ကို တင္ထားပါတယ္။ ” လို႔ ေျပာပါတယ္။ နန္ကသူဆည္ကို ၁၉၉၅ ခုႏွစ္က စတင္တည္ေဆာက္ခဲ့ၿပီး ၂၀၀၀ ျပည့္ႏွစ္မွာ ေႏြစပါး စိုက္ပ်ိဳးဖို႔ ေရစတင္ေပးေဝခဲ့ပါတယ္။ ကညင္ဆည္ကေတာ့ ၂၀၀၅ ခုႏွစ္မွာ စတင္အေကာင္အထည္ေဖာ္ခဲ့ၿပီး ၂၀၁၀ ျပည့္ႏွစ္မွာ ေရစတင္ေပးေဝခဲ့ပါတယ္။ သတင္း-သန္းထိုက္ျမင့္