အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာ ၁ ပါးအပါအဝင် ၄ ဦးသေဆုံး၊ ၂ ဦး ဒဏ်ရာ
DVB
·
August 26, 2019
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်မှာ မနေ့က ယာဉ်တိမ်းမှောက်မှုကြောင့် သံဃာတော် တပါးအပါအဝင် ၄ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၅ ရက် ညနေပိုင်းက ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၁၇၀/၆-၇ ကြားမှာ ဖြိုးသူဟိန်း (ခ) ဘိုဘို မောင်းနှင်ပြီး လူ ၅ ဦး လိုက်ပါလာတဲ့ Surf ယာဉ်ဟာ ဝဲနောက်ဘီးပြုတ်ထွက်ပြီး လမ်းယာဘက်ခြမ်း တိမ်းမှောက်သွားခဲ့တာပါ။
ယာဉ်တိမ်းမှောက်တာကြောင့် ဖြိုးသူဟိန်းနဲ့ သံဃာတပါးအပါအဝင် ၄ ဦး ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပါတယ်။
ဒဏ်ရာရသူ ၂ ဦးထဲက ဦးဇင်းတပါး စိုးရိမ်ရပြီး ဆွာပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ကုသထားတယ်လို့ သိရပါတယ်။
ယာဉ်မောင်း ဖြိုးသူဟိန်း (သေဆုံး)ကို သာဂရအမြန်လမ်းမကြီးရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့်စစ်ဆေးနေပါတယ်။
အျမန္လမ္းတြင္ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ သံဃာ ၁ ပါးအပါအဝင္ ၄ ဦးေသဆုံး၊ ၂ ဦး ဒဏ္ရာ DVB ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕နယ္မွာ မေန႔က ယာဥ္တိမ္းေမွာက္မႈေၾကာင့္ သံဃာေတာ္ တပါးအပါအဝင္ ၄ ဦးေသဆုံးၿပီး ၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ျပည္ထဲေရးက ထုတ္ျပန္ပါတယ္။ ဩဂုတ္ ၂၅ ရက္ ညေနပိုင္းက ေရတာရွည္ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီးမိုင္တိုင္ ၁၇၀/၆-၇ ၾကားမွာ ၿဖိဳးသူဟိန္း (ခ) ဘိုဘို ေမာင္းႏွင္ၿပီး လူ ၅ ဦး လိုက္ပါလာတဲ့ Surf ယာဥ္ဟာ ဝဲေနာက္ဘီးျပဳတ္ထြက္ၿပီး လမ္းယာဘက္ျခမ္း တိမ္းေမွာက္သြားခဲ့တာပါ။ ယာဥ္တိမ္းေမွာက္တာေၾကာင့္ ၿဖိဳးသူဟိန္းနဲ႔ သံဃာတပါးအပါအဝင္ ၄ ဦး ဒဏ္ရာေတြနဲ႔ အခင္းျဖစ္ေနရာမွာ ေသဆုံးခဲ့ပါတယ္။ ဒဏ္ရာရသူ ၂ ဦးထဲက ဦးဇင္းတပါး စိုးရိမ္ရၿပီး ဆြာျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ခဲ့ကုသထားတယ္လို႔ သိရပါတယ္။ ယာဥ္ေမာင္း ၿဖိဳးသူဟိန္း (ေသဆုံး)ကို သာဂရအျမန္လမ္းမႀကီးရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈/၃၃၇ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ျပင္းထန္/ သာမန္နာက်င္ေစမႈ) နဲ႔ အမႈဖြင့္စစ္ေဆးေနပါတယ္။