တောင်ကိုရီးယားသမ္မတ မွန်းဂျေအင် မြန်မာနိုင်ငံ ချစ်ကြည်ရေးခရီးလာရောက်မည်
DVB
·
August 26, 2019
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်ဟာ အရှေ့တောင်အာရှကနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေး ပိုမိုအားကောင်းလာစေဖို့အတွက် မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံတွေကို လာမယ့် သီတင်းပတ်အတွင်း တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ဖို့ ရှိနေပါတယ်။
အဆိုပါ သုံးနိုင်ငံကိုသွားရောက်မယ့် ၆ ရက်ကြာ ခရီးစဉ်ကို လာမယ့် တနင်္ဂနွေနေ့ စတင်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံကို အရင်ဆုံးသွားရောက်မှာဖြစ်တယ်လို့ သမ္မတရုံးရဲ့ပြောဆိုချက်ကို ကိုးကားပြီး တောင်ကိုရီးယား KBS သတင်းမှာ ဖော်ပြပါတယ်။
သမ္မတ မွန်းဂျေအင်ဟာ ထိုင်းနိုင်ငံခရီးစဉ်အပြီး စက်တင်ဘာ ၃ရက်နေ့မှာ မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီး ဆက်လက်သွားရောက်မှာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော မြန်မာသမ္မတ ဦးဝင်းမြင့်နဲ့ပါ တွေ့ဆုံဖို့ရှိနေပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အပြီးမှာတော့ လာအိုနိုင်ငံကို ၂ ရက်ကြာခရီးဆက်လက်သွားရောက်မှာ ဖြစ်ပြီး စက်တင်ဘာ ၆ ရက်မှာ သုံးနိုင်ငံခရီးစဉ်ကို အဆုံးသတ်ကာ တောင်ကိုရီးယားနိုင်ငံကို ပြန်လာမှာ ဖြစ်ပါတယ်။
မြန်မာ-ထိုင်းနဲ့လာအို သုံးနိုင်ငံဟာ သမ္မတမွန်းရဲ့ အရှေ့တောင်အာရှနိုင်ငံတွေနဲ့ တောင်ကိုရီးယားနိုင်ငံအကြား မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ရည်ရွယ်တဲ့ တောင်ပိုင်းဒေသ မူဝါဒသစ်ရဲ့ အဓိက အရေးပါဆုံးနိုင်ငံတွေဖြစ်တယ်လို့ သမ္မတပြောခွင့်ရသူ ကိုမင်ဂျန်းက ပြောပါတယ်။
တောင်ကိုရီးယားသမ္မတ မွန်းဂျေအန်ဟာ သူ့ရဲ့ သမ္မတ သက်တမ်းအတွင်းမှာ အာဆီယံ ၁၀ နိုင်ငံ စလုံးကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ဖို့ ကတိပြုထားတာလည်းဖြစ်ပါတယ်။
ဓာတ်ပုံ- Getty Images
ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္ ျမန္မာႏိုင္ငံ ခ်စ္ၾကည္ေရးခရီးလာေရာက္မည္ DVB ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္ဟာ အေရွ႕ေတာင္အာရွကႏိုင္ငံေတြနဲ႔ သံတမန္ဆက္ဆံေရး ပိုမိုအားေကာင္းလာေစဖို႔အတြက္ ျမန္မာ၊ ထိုင္းနဲ႔ လာအိုႏိုင္ငံေတြကို လာမယ့္ သီတင္းပတ္အတြင္း တရားဝင္ ခ်စ္ၾကည္ေရးခရီးသြားေရာက္ဖို႔ ရွိေနပါတယ္။ အဆိုပါ သုံးႏိုင္ငံကိုသြားေရာက္မယ့္ ၆ ရက္ၾကာ ခရီးစဥ္ကို လာမယ့္ တနဂၤေႏြေန႔ စတင္မွာ ျဖစ္ၿပီး ထိုင္းႏိုင္ငံကို အရင္ဆုံးသြားေရာက္မွာျဖစ္တယ္လို႔ သမၼတ႐ုံးရဲ႕ေျပာဆိုခ်က္ကို ကိုးကားၿပီး ေတာင္ကိုရီးယား KBS သတင္းမွာ ေဖာ္ျပပါတယ္။ သမၼတ မြန္းေဂ်အင္ဟာ ထိုင္းႏိုင္ငံခရီးစဥ္အၿပီး စက္တင္ဘာ ၃ရက္ေန႔မွာ ျမန္မာႏိုင္ငံကို ခ်စ္ၾကည္ေရးခရီး ဆက္လက္သြားေရာက္မွာျဖစ္ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေရာ ျမန္မာသမၼတ ဦးဝင္းျမင့္နဲ႔ပါ ေတြ႕ဆုံဖို႔ရွိေနပါတယ္။ ျမန္မာႏိုင္ငံခရီးစဥ္အၿပီးမွာေတာ့ လာအိုႏိုင္ငံကို ၂ ရက္ၾကာခရီးဆက္လက္သြားေရာက္မွာ ျဖစ္ၿပီး စက္တင္ဘာ ၆ ရက္မွာ သုံးႏိုင္ငံခရီးစဥ္ကို အဆုံးသတ္ကာ ေတာင္ကိုရီးယားႏိုင္ငံကို ျပန္လာမွာ ျဖစ္ပါတယ္။ ျမန္မာ-ထိုင္းနဲ႔လာအို သုံးႏိုင္ငံဟာ သမၼတမြန္းရဲ႕ အေရွ႕ေတာင္အာရွႏိုင္ငံေတြနဲ႔ ေတာင္ကိုရီးယားႏိုင္ငံအၾကား မိတ္ဖက္ပူးေပါင္းေဆာင္႐ြက္မႈတိုးျမႇင့္ဖို႔ရည္႐ြယ္တဲ့ ေတာင္ပိုင္းေဒသ မူဝါဒသစ္ရဲ႕ အဓိက အေရးပါဆုံးႏိုင္ငံေတြျဖစ္တယ္လို႔ သမၼတေျပာခြင့္ရသူ ကိုမင္ဂ်န္းက ေျပာပါတယ္။ ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အန္ဟာ သူ႔ရဲ႕ သမၼတ သက္တမ္းအတြင္းမွာ အာဆီယံ ၁၀ ႏိုင္ငံ စလုံးကို တရားဝင္ ခ်စ္ၾကည္ေရးခရီး သြားေရာက္ဖို႔ ကတိျပဳထားတာလည္းျဖစ္ပါတယ္။ ဓာတ္ပုံ- Getty Images