ပိုလန်တွင် မိုးသက်လေပြင်းကျပြီး မိုးကြိုးပစ်၊ ၃ ဦးထက်မနည်း သေဆုံး
DVB
·
August 23, 2019
ပိုလန်နိုင်ငံ တာထရာတောင်တန်းဒေသမှာ မိုးကြိုးပစ်တာကြောင့် လူသုံးယောက်ထက်မနည်း သေဆုံးခဲ့ပြီး နောက်ထပ် ၂၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
မနက်ပိုင်းမှာ နေသာနေပေမယ့် ရုတ်တရက် မိုးသက်လေပြင်း ကျလာခဲ့ပြီး မီတာ ၁၈၀၀ ကျော်မြင့်တဲ့ ဂီဝမ်တောင်ပေါ်မှာ ရှိနေတဲ့ ကမ္ဘာလှည့် ခရီးသွားတဖွဲ့ မိုးကြိုးထိမှန်ခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေနဲ့ ပြောကြားချက်ကို ကိုးကားပြီး TVN24 သတင်းဌာနက ဖော်ပြပါတယ်။
ပိုလန်နိုင်ငံက ဂီဝမ်တောင်ကို တက်ကြတဲ့ ကမ္ဘာလှည့် ခရီးသွား တော်တော်များများဟာ တောင်ထိပ်ရောက်ရမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ တက်လေ့ရှိကြပြီး အဲဒီတောင်ထိပ်မှာ ၁၉၀၁ ခုနှစ်ကတည်းက စိုက်ထူထားတဲ့ အမြင့် ၁၅ မီတာရှိတဲ့ သံမဏိလက်ဝါးကပ်တိုင်တခု ရှိပါတယ်။
အဲဒီတိုင်ကြောင့် မိုးကြိုးပစ်တာ ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ မိုးကြိုးပစ်တဲ့အချိန် တောင်ပေါ်မှာ ရှိနေသူတချို့လည်း ဒဏ်ရာရခဲ့ကြပါတယ်။
လက်ရှိမှာတော့ ရဟတ်ယာဉ်လေးစီးနဲ့ ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ရေး လုပ်နေကြဆဲပဲလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။
ဒါ့အပြင် မကြာသေးခင်က တာထရာတောင်တန်းဒေသမှာပဲ ဂူလေ့လာရေးသမားနှစ်ယောက်ဟာ ရေပြည့်နေတဲ့ လိုဏ်ဂူထဲမှာ ပိတ်မိနေလို့ ကယ်ဆယ်ရေးသမား ၂၄ ယောက်ကျော် အင်အားနဲ့ ကယ်ဆယ်ခဲ့ရပါသေးတယ်။
ပိုလန္တြင္ မိုးသက္ေလျပင္းက်ၿပီး မိုးႀကိဳးပစ္၊ ၃ ဦးထက္မနည္း ေသဆုံး DVB ပိုလန္ႏိုင္ငံ တာထရာေတာင္တန္းေဒသမွာ မိုးႀကိဳးပစ္တာေၾကာင့္ လူသုံးေယာက္ထက္မနည္း ေသဆုံးခဲ့ၿပီး ေနာက္ထပ္ ၂၂ ေယာက္ ဒဏ္ရာရခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ မနက္ပိုင္းမွာ ေနသာေနေပမယ့္ ႐ုတ္တရက္ မိုးသက္ေလျပင္း က်လာခဲ့ၿပီး မီတာ ၁၈၀၀ ေက်ာ္ျမင့္တဲ့ ဂီဝမ္ေတာင္ေပၚမွာ ရွိေနတဲ့ ကမာၻလွည့္ ခရီးသြားတဖြဲ႕ မိုးႀကိဳးထိမွန္ခဲ့ၾကတယ္လို႔ မ်က္ျမင္သက္ေသေတြနဲ႔ ေျပာၾကားခ်က္ကို ကိုးကားၿပီး TVN24 သတင္းဌာနက ေဖာ္ျပပါတယ္။ ပိုလန္ႏိုင္ငံက ဂီဝမ္ေတာင္ကို တက္ၾကတဲ့ ကမာၻလွည့္ ခရီးသြား ေတာ္ေတာ္မ်ားမ်ားဟာ ေတာင္ထိပ္ေရာက္ရမယ္ဆိုတဲ့ ရည္မွန္းခ်က္နဲ႔ တက္ေလ့ရွိၾကၿပီး အဲဒီေတာင္ထိပ္မွာ ၁၉၀၁ ခုႏွစ္ကတည္းက စိုက္ထူထားတဲ့ အျမင့္ ၁၅ မီတာရွိတဲ့ သံမဏိလက္ဝါးကပ္တိုင္တခု ရွိပါတယ္။ အဲဒီတိုင္ေၾကာင့္ မိုးႀကိဳးပစ္တာ ျဖစ္ႏိုင္တယ္လို႔ ႐ိုက္တာသတင္းဌာနက ေဖာ္ျပပါတယ္။ မိုးႀကိဳးပစ္တဲ့အခ်ိန္ ေတာင္ေပၚမွာ ရွိေနသူတခ်ိဳ႕လည္း ဒဏ္ရာရခဲ့ၾကပါတယ္။ လက္ရွိမွာေတာ့ ရဟတ္ယာဥ္ေလးစီးနဲ႔ ကယ္ဆယ္ေရးသမားေတြက ကယ္ဆယ္ေရး လုပ္ေနၾကဆဲပဲလို႔ ႐ိုက္တာသတင္းဌာနက ေျပာပါတယ္။ ဒါ့အျပင္ မၾကာေသးခင္က တာထရာေတာင္တန္းေဒသမွာပဲ ဂူေလ့လာေရးသမားႏွစ္ေယာက္ဟာ ေရျပည့္ေနတဲ့ လိုဏ္ဂူထဲမွာ ပိတ္မိေနလို႔ ကယ္ဆယ္ေရးသမား ၂၄ ေယာက္ေက်ာ္ အင္အားနဲ႔ ကယ္ဆယ္ခဲ့ရပါေသးတယ္။