မဲဆောက်ဆန်လှူပွဲတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀၀၀ ကျော်သွားရောက် အလှူခံ
DVB
·
August 22, 2019
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တရုတ်ကုန်သည်ကြီးတွေရဲ့ဆန်လှူပွဲကို မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀၀၀ ကျော် သွားရောက် အလှူခံခဲ့ကြပါတယ်။
ဒီဆန်လှူပွဲကြီးကို ထိုင်း-မြန်မာနယ်စပ်ရှိ မဲဆောက်မြို့မှာ နှစ်စဉ်ပြုလုပ်နေကျ ဖြစ်ပြီး အခုကတော့ အကြိမ် (၅၀) ကြိမ်မြောက် ဖြစ်ပါတယ်။
မဲဆောက်တရုတ်ဘုံကျောင်းဥက္ကဋ္ဌ နိုင်းစုချ တရီးလဝထနားက “ကျနော်တို့ ကုန်သည်ကြီးတွေ တရုတ်ဘုံကျောင်းအလှူပွဲကို စုပေါင်း ပြုလုပ်ကြပါတယ်။ ဆန်၊ ခေါက်ဆွဲစတဲ့ အစာခြောက်တွေ၊ ပိုက်ဆံတွေ ပေးတယ်”လို့ ထိုင်းဘာသာနဲ့ ပြောပါတယ်။
လူတဦးစီကို ကျပ်ငွေ ၇၅၀၀ နဲ့ညီမျှတဲ့ ထိုင်းဘတ် ၁၅၀ စီ၊ ခေါက်ဆွဲခြောက် ၅ ထုတ်၊ ဆား ၁ ထုတ်၊ ငါးသေတ္တာ ၄ ဘူးနဲ့ ဆန် ၅ ကီလိုစီ ပေးလှူတာဖြစ်ပါတယ်။
မဲဆောက်မြို့အထွေထွေအုပ်ချုပ်ရေးမှူး နိုင်းချိုင်းယဖုချင်းထမ်းရက “ထိုင်းဖြစ်ဖြစ် ဗမာဖြစ်ဖြစ် လာအလှူခံသူတိုင်း လူမျိုးဘာသာမရွေးဘဲ အားလုံးကိုလှူပေးပါတယ်”လို့ ပြောပါတယ်။
လာရောက် အလှူခံသူတွေထဲမှာ မဲဆောက်ရောက် မြန်မာတွေအပြင် မြဝတီဘက်ကမ်းက လာရောက် အလှူခံသူတွေလည်း ပါဝင်ခဲ့ပါတယ်။
ဓာတ်ပုံ- ကရင်အမျိုးသားမီဒီယာ
မဲေဆာက္ဆန္လႉပြဲတြင္ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား ၁၀၀၀၀ ေက်ာ္သြားေရာက္ အလႉခံ ဖိုးစီ ထိုင္းႏိုင္ငံ၊ မဲေဆာက္ၿမိဳ႕တ႐ုတ္ကုန္သည္ႀကီးေတြရဲ႕ဆန္လႉပြဲကို ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမား ၁၀၀၀၀ ေက်ာ္ သြားေရာက္ အလႉခံခဲ့ၾကပါတယ္။ ဒီဆန္လႉပြဲႀကီးကို ထိုင္း-ျမန္မာနယ္စပ္ရွိ မဲေဆာက္ၿမိဳ႕မွာ ႏွစ္စဥ္ျပဳလုပ္ေနက် ျဖစ္ၿပီး အခုကေတာ့ အႀကိမ္ (၅၀) ႀကိမ္ေျမာက္ ျဖစ္ပါတယ္။ မဲေဆာက္တ႐ုတ္ဘုံေက်ာင္းဥကၠ႒ ႏိုင္းစုခ် တရီးလဝထနားက “က်ေနာ္တို႔ ကုန္သည္ႀကီးေတြ တ႐ုတ္ဘုံေက်ာင္းအလႉပြဲကို စုေပါင္း ျပဳလုပ္ၾကပါတယ္။ ဆန္၊ ေခါက္ဆြဲစတဲ့ အစာေျခာက္ေတြ၊ ပိုက္ဆံေတြ ေပးတယ္”လို႔ ထိုင္းဘာသာနဲ႔ ေျပာပါတယ္။ လူတဦးစီကို က်ပ္ေငြ ၇၅၀၀ နဲ႔ညီမွ်တဲ့ ထိုင္းဘတ္ ၁၅၀ စီ၊ ေခါက္ဆြဲေျခာက္ ၅ ထုတ္၊ ဆား ၁ ထုတ္၊ ငါးေသတၱာ ၄ ဘူးနဲ႔ ဆန္ ၅ ကီလိုစီ ေပးလႉတာျဖစ္ပါတယ္။ မဲေဆာက္ၿမိဳ႕အေထြေထြအုပ္ခ်ဳပ္ေရးမႉး ႏိုင္းခ်ိဳင္းယဖုခ်င္းထမ္းရက “ထိုင္းျဖစ္ျဖစ္ ဗမာျဖစ္ျဖစ္ လာအလႉခံသူတိုင္း လူမ်ိဳးဘာသာမေ႐ြးဘဲ အားလုံးကိုလႉေပးပါတယ္”လို႔ ေျပာပါတယ္။ လာေရာက္ အလႉခံသူေတြထဲမွာ မဲေဆာက္ေရာက္ ျမန္မာေတြအျပင္ ျမဝတီဘက္ကမ္းက လာေရာက္ အလႉခံသူေတြလည္း ပါဝင္ခဲ့ပါတယ္။ ဓာတ္ပုံ- ကရင္အမ်ိဳးသားမီဒီယာ