Homeမြန်မာသတင်း
နေရပ်စွန့်ထွက်ပြေးသွားသူများကို တောင်ပြိုလက်ဝဲစခန်းမှ တနေ့ လူဦးရေ ၁၅၀ လက်ခံသွားမည်

DVB
·
August 21, 2019
ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို နေရပ်စွန့်ခွာ ထွက်ပြေးခဲ့တဲ့သူတွေအတွက် တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းမှာ သြဂုတ် ၂၂ ရက်က စတင်ပြီး ပြန်လည်လက်ခံဆောင်ရွက် ပေးသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တနေ့ကို လူဦးရေ ၁၅၀ လောက် ပြန်လည် လက်ခံဆောင်ရွက်ပေးသွားဖို့ အဆင်သင့် ပြင်ဆင်ထားပြီး အရေအတွက် ဘယ်လောက်လာမယ်ဆိုတာကိုတော့ တိတိကျကျ မသိရသေးဘူးလို့ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောပါတယ်။
"တောင်ပြိုလက်ခံရေးစခန်းက လက်ခံသွားမှာပါ။ ဘယ်လောက်လာမလဲ အရေအတွက် မပေးသေးဘူး။ ကျနော်တို့ကတော့ တနေ့ ၁၅၀ လက်ခံသွားမှာပါ။ ဒီဘက်ကတော့ အဆင်သင့် ဖြစ်နေပါပြီ။ ဟိန္ဒူတွေ ဝင်မှာလား ဆိုတာကတော့ ဟိန္ဒူလား၊ ဘင်္ဂါလီလား ဆိုတာကို ဟိုဘက်က တိတိကျကျ ခွဲမပေးသေးဘူးဗျ။ ဒီကစစ်ဆေးပြီးတဲ့သူတွေကိုတော့ ပို့မယ်လို့တော့ ပြောတယ်။ ဟိန္ဒူတွေကို ပို့မှာလား။ ဘင်္ဂါလီပဲ ပို့မှာလားတော့ မပြောတတ်ဘူး။”
ပြန်ဝင်ရောက်လာမယ့်သူတွေကို မြန်မာဘက်က လက်ခံဖို့ အဆင့်သင့်ပြင်ဆင်ထားပေမယ့် ဟိုဘက်က ပြန်မလာဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
“ကျနော်တို့ဘက်ကလည်း ဟိုဘက်အစိုးရက ပြန်ပို့မှ လက်ခံလို့ရမှာကို ဟိုဘက်အစိုးရက မပို့ဘူး။ သူတို့ မလာဘူးဆိုရင် ပြန်လက်ခံလို့မရဘူးပေါ့။ နှစ်နိုင်ငံ သဘောတူစာချုပ်အရလည်း ကာယကံရှင်ရဲ့ ဆန္ဒအလျောက် လာမှသာ ပြန်လည်လက်ခံသွားမှာ ဖြစ်တယ်လို့ ပါရှိတယ်လေ။ ကျနော်တို့ဘက်ကတော့ နှိုးဆောင် ထားပြီးသားပါ ပုံမှန်ပါပဲ။ ဝန်ထမ်းတွေလည်း အဆင်သင့်ပါပဲ”လို့ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောကြားပါတယ်။
သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ၂၀၁၇ သြဂုတ် ၂၅ ရက်က အကြမ်းဖက်ဖြစ်စဉ်တွေ အပြီး နေရပ်စွန့်ထွက်ခွာသွမြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ရဲ့ နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်လည်လက်ခံရာမှာ မြန်မာနိုင်ငံဘက်က UEHRD အစီအစဉ်နဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ထားရှိပေမယ့်လည်း နေရပ်စွန့်ခွာ ထွက်သွားသူတွေထဲက တဦးမှ တရားဝင်ပြန်လာတာ မရှိသေးပါ။
ပြန်လည်လက်ခံရေးအစီအစဉ်အဖြစ် ကုန်းလမ်းမှ ဝင်ရောက်လာသူတွေကို တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေး စခန်းအမှတ် (၁) နဲ့ ရေကြောင်းမှ ဝင်ရောက်လာသူတွေအတွက် ငါးခူရ ပြန်လည်လက်ခံရေးစခန်း အမှတ် (၂) ဆိုပြီး စခန်း ၂ ခု ဖွင့်လှစ်ထားရှိခဲ့တာပါ။
ထိုပြန်လည်လက်ခံရေးအစီအစဉ်အရ ၂၀၁၈ ဇန်နဝါရီလ ၂၃ ရက် မှာ ပထမတကြိမ် ပြန်လည်လက်ခံဖို့ ပြင်ဆင်ထားခဲ့ပေမယ့်လည်း ထွက်ပြေးသွားသူတွေ ပြန်လည်ဝင်ရောက်လာခြင်း မရှိခဲ့ပါဘူး။
၂၀၁၈ နိုဝင်ဘာလ ၁၅ ရက်မှာ ဒုတိယအကြိမ် ပြန်လည်လက်ခံရဖို့ မြန်မာဘက်က အဆင်သင့် ပြင်ဆင်ထားခဲ့ပေမယ့်လည်း ယနေ့အထိ နေရပ်စွန်ခွာ ထွက်ပြေးသွားသူတွေ တဦးတယောက်မှ ပြန်လည်ဝင်ရောက်လာတာ မရှိသေးပါဘူး။
သတင်း- ကောင်းကောင်း
ေနရပ္စြန႔္ထြက္ေျပးသြားသူမ်ားကို ေတာင္ၿပိဳလက္ဝဲစခန္းမွ တေန႔ လူဦးေရ ၁၅၀ လက္ခံသြားမည္ DVB ရခိုင္ျပည္နယ္၊ ေမာင္ေတာေဒသမွာ ၂၀၁၇ ခုႏွစ္ အၾကမ္းဖက္ျဖစ္စဥ္ေၾကာင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ေနရပ္စြန႔္ခြာ ထြက္ေျပးခဲ့တဲ့သူေတြအတြက္ ေတာင္ၿပိဳလက္ဝဲၿမိဳ႕ ျပန္လည္လက္ခံေရးစခန္းမွာ ၾသဂုတ္ ၂၂ ရက္က စတင္ၿပီး ျပန္လည္လက္ခံေဆာင္႐ြက္ ေပးသြားမယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။ တေန႔ကို လူဦးေရ ၁၅၀ ေလာက္ ျပန္လည္ လက္ခံေဆာင္႐ြက္ေပးသြားဖို႔ အဆင္သင့္ ျပင္ဆင္ထားၿပီး အေရအတြက္ ဘယ္ေလာက္လာမယ္ဆိုတာကိုေတာ့ တိတိက်က် မသိရေသးဘူးလို႔ ေမာင္ေတာခ႐ိုင္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာပါတယ္။ "ေတာင္ၿပိဳလက္ခံေရးစခန္းက လက္ခံသြားမွာပါ။ ဘယ္ေလာက္လာမလဲ အေရအတြက္ မေပးေသးဘူး။ က်ေနာ္တို႔ကေတာ့ တေန႔ ၁၅၀ လက္ခံသြားမွာပါ။ ဒီဘက္ကေတာ့ အဆင္သင့္ ျဖစ္ေနပါၿပီ။ ဟိႏၵဴေတြ ဝင္မွာလား ဆိုတာကေတာ့ ဟိႏၵဴလား၊ ဘဂၤါလီလား ဆိုတာကို ဟိုဘက္က တိတိက်က် ခြဲမေပးေသးဘူးဗ်။ ဒီကစစ္ေဆးၿပီးတဲ့သူေတြကိုေတာ့ ပို႔မယ္လို႔ေတာ့ ေျပာတယ္။ ဟိႏၵဴေတြကို ပို႔မွာလား။ ဘဂၤါလီပဲ ပို႔မွာလားေတာ့ မေျပာတတ္ဘူး။” ျပန္ဝင္ေရာက္လာမယ့္သူေတြကို ျမန္မာဘက္က လက္ခံဖို႔ အဆင့္သင့္ျပင္ဆင္ထားေပမယ့္ ဟိုဘက္က ျပန္မလာဘူးဆိုတဲ့ သတင္းေတြ ထြက္ေပၚေနပါတယ္။ “က်ေနာ္တို႔ဘက္ကလည္း ဟိုဘက္အစိုးရက ျပန္ပို႔မွ လက္ခံလို႔ရမွာကို ဟိုဘက္အစိုးရက မပို႔ဘူး။ သူတို႔ မလာဘူးဆိုရင္ ျပန္လက္ခံလို႔မရဘူးေပါ့။ ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္အရလည္း ကာယကံရွင္ရဲ႕ ဆႏၵအေလ်ာက္ လာမွသာ ျပန္လည္လက္ခံသြားမွာ ျဖစ္တယ္လို႔ ပါရွိတယ္ေလ။ က်ေနာ္တို႔ဘက္ကေတာ့ ႏႈိးေဆာင္ ထားၿပီးသားပါ ပုံမွန္ပါပဲ။ ဝန္ထမ္းေတြလည္း အဆင္သင့္ပါပဲ”လို႔ အုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္က ေျပာၾကားပါတယ္။ သိန္းနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြဟာ ၂၀၁၇ ၾသဂုတ္ ၂၅ ရက္က အၾကမ္းဖက္ျဖစ္စဥ္ေတြ အၿပီး ေနရပ္စြန္႔ထြက္ခြာသြျမန္မာအစိုးရနဲ႔ ဘဂၤလားေဒ့ရွ္အစိုးရတို႔ရဲ႕ ႏွစ္ႏိုင္ငံ သေဘာတူညီခ်က္နဲ႔ ျပန္လည္လက္ခံရာမွာ ျမန္မာႏိုင္ငံဘက္က UEHRD အစီအစဥ္နဲ႔ ျပန္လည္လက္ခံေရးလုပ္ငန္းေတြကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ထားရွိေပမယ့္လည္း ေနရပ္စြန႔္ခြာ ထြက္သြားသူေတြထဲက တဦးမွ တရားဝင္ျပန္လာတာ မရွိေသးပါ။ ျပန္လည္လက္ခံေရးအစီအစဥ္အျဖစ္ ကုန္းလမ္းမွ ဝင္ေရာက္လာသူေတြကို ေတာင္ၿပိဳလက္ဝဲ ျပန္လည္လက္ခံေရး စခန္းအမွတ္ (၁) နဲ႔ ေရေၾကာင္းမွ ဝင္ေရာက္လာသူေတြအတြက္ ငါးခူရ ျပန္လည္လက္ခံေရးစခန္း အမွတ္ (၂) ဆိုၿပီး စခန္း ၂ ခု ဖြင့္လွစ္ထားရွိခဲ့တာပါ။ ထိုျပန္လည္လက္ခံေရးအစီအစဥ္အရ ၂၀၁၈ ဇန္နဝါရီလ ၂၃ ရက္ မွာ ပထမတႀကိမ္ ျပန္လည္လက္ခံဖို႔ ျပင္ဆင္ထားခဲ့ေပမယ့္လည္း ထြက္ေျပးသြားသူေတြ ျပန္လည္ဝင္ေရာက္လာျခင္း မရွိခဲ့ပါဘူး။ ၂၀၁၈ ႏိုဝင္ဘာလ ၁၅ ရက္မွာ ဒုတိယအႀကိမ္ ျပန္လည္လက္ခံရဖို႔ ျမန္မာဘက္က အဆင္သင့္ ျပင္ဆင္ထားခဲ့ေပမယ့္လည္း ယေန႔အထိ ေနရပ္စြန္ခြာ ထြက္ေျပးသြားသူေတြ တဦးတေယာက္မွ ျပန္လည္ဝင္ေရာက္လာတာ မရွိေသးပါဘူး။ သတင္း- ေကာင္းေကာင္း