ရတနာ့ဂူဘုရားပွဲတွင် တရားမဝင်ယာဉ်အပ်နှံလုပ်ငန်း လုပ်ကိုင်ပါက ကျပ်သိန်း ၂၀ ဒဏ်ရိုက်မည်
Aung Aung Naing
·
August 21, 2019
မန္တလေးတိုင်း၊ အမရပူရမြို့က သမိုင်းဝင် ရတနာ့ဂူဘုရားပွဲကြီးနဲ့ သာသနာပြု ပုပ္ပါးမယ်တော်ကြီးနတ်ပွဲမှာ တရားမဝင် ယာဉ်အပ်နှံတာတွေ လုပ်ကိုင်ပါက ဒဏ်ငွေ ကျပ် သိန်း၂၀ ရိုက်မှာ ဖြစ်တယ်လို့ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီက တရားဝင်ထုတ်ပြန်ထားပါတယ်။
တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ အမရပူရမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဆွေက “တင်ဒါဆွဲတဲ့လူတွေ မနစ်နာအောင်လို့ သတ်မှတ်လိုက်တာပါ။ တချို့ အိမ်ရှင်တွေက အလွယ်တကူ ပွဲတော်ရက်မှာ လက်ခံတာတွေ ဘာညာရှိတော့လေ ကုန်ကျစရိတ်နဲ့ မကာမိမှာ စိုးလို့ပါ။ ပွဲတော်ရက်မှာလည်း စိစစ်မှုတွေ လုပ်သွားပါမယ်။ ကျနော်တို့ နှစ်စဉ်ကျင်းပနေတဲ့ အမရပူရမြို့နယ် ရတနာ့ဂူ ဘုရားပွဲတော်ရက်အတွင်းမှာ ခွင့်ပြုချက်မရဘဲ တရားမဝင်ယာဉ် အပ်နှံရေး စတန်းများ ဖွင့်လှစ်ခဲ့ပါက ဒဏ်ငွေကျပ်သိန်း ၂၀ ပေးဆောင်ရမှာ ဖြစ်တယ်”လို့ ပြောပါတယ်။
ရတနာ့ဂူ ဘုရားပွဲတော်ရက်အတွင်း ရပ်ကွက်ကျေးရွာက အိမ်တွေက နေအိမ်အတွင်းမှာ ကျယ်ရင်ကျယ်သလို ကား၊ ဆိုင်ကယ် လက်ခံနေတာတွေ များလာတာကြောင့် တရားဝင် တင်ဒါအောင်မြင်ပြီး လုပ်ကိုင်ခွင့်ရတဲ့သူတွေ နစ်နာတာတွေ မရှိအောင် အခုလို ဒဏ်ငွေရိုက်မှာ ဖြစ်ကြောင်းထုတ်ပြန်ကာ ပွဲတော်ရက်အတွင်း နေအိမ်ရှင်တွေကို တားမြစ်စာများ တရားဝင်ပေးပို့သွားမှာလည်း ဖြစ်တယ်။
ယာဉ်အပ်နှံရေး တင်ဒါအောင်ခဲ့တဲ့ ဦးသောင်းလွင်ဦးက “ တင်ဒါ အောင်မြင်ထားသူတွေအနေနဲ့ တရားမဝင် ယာဉ်အပ်နှံရေး လုပ်ကိုင်နေသူတွေ မရှိစေရေးအတွက် စောင့်ကြည့်တာတွေ ပြုလုပ်ပြီး သက်ဆိုင်ရာသို့ သတင်းပေးပို့ တိုင်ကြားသွားမှာပါ။ ကျနော်တို့ကတော့ တရားမဝင် ဘယ်နေရာ ဖွင့်နေလဲကြည့်ပြီး သက်ဆိုင်ရာကို ပြောမယ်။ တကယ် ဒဏ်ငွေဆောင်ခိုင်း မခိုင်းကို စောင့်ကြည့်သွားမှာ ဖြစ်တယ်”လို့ ပြောပါတယ်။
တရားမဝင် ယာဉ်အပ်နှံရေး လုပ်ကိုင်ကြမယ်ဆိုရင် ဒဏ်ငွေ ကျပ်သိန်း ၂၀ ပေးဆောင်ပေမယ့် ဆက်လက်လုပ်ကိုင်ပါက ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဘုရားပွဲတော် ဖြစ်မြောက်ရေးကော်မတီအနေနဲ့ ကြေညာထားပါတယ်။
ရတနာ့ဂူပွဲတော်ကို ၁၂၈၅ ခုနှစ်က စတင်ကျင်းပခဲ့ကာ အနယ်နယ်အရပ်ရပ်က သိန်းနဲ့ချီပြီး လာရောက်ကြတဲ့ ဘုရားပွဲတော်ကြီးဖြစ်ပြီး အခုနှစ်မှာတော့ သြဂုတ် ၂၂ ရက်ကနေ သြဂုတ် ၂၉ ရက်အထိ ပွဲတော်ကို ကျင်းပမှာပါ။
ဘုရားပွဲတော်မှာ ဗန္ဓုလဦးထုပ်တွေ၊ ဓား၊ ဝါးလက်ခုပ်၊ ဗုံ၊ ကျောက်ပန်းခွေ၊ ကရေကရာ၊ မုန်ကျွဲသဲ၊ ထိုးမုန့်၊ မလိုင်မုန့်တွေ ရောင်းချကြပြီး ဝါခေါင်လပြည့်ကျော် ၁၀ ရက်နေ့ဟာ ချိုးရေတော်သုံးတဲ့နေ့ ဖြစ်တာကြောင့် ပွဲတော်ရဲ့ အစည်ကားဆုံး နေ့တနေ့ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ရတနာ့ဂူဘုရားပြဲတြင္ တရားမဝင္ယာဥ္အပ္ႏွံလုပ္ငန္း လုပ္ကိုင္ပါက က်ပ္သိန္း ၂၀ ဒဏ္႐ိုက္မည္
မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕က သမိုင္းဝင္ ရတနာ့ဂူဘုရားပြဲႀကီးနဲ႔ သာသနာျပဳ ပုပၸါးမယ္ေတာ္ႀကီးနတ္ပြဲမွာ တရားမဝင္ ယာဥ္အပ္ႏွံတာေတြ လုပ္ကိုင္ပါက ဒဏ္ေငြ က်ပ္ သိန္း၂၀ ႐ိုက္မွာ ျဖစ္တယ္လို႔ တင္ဒါစိစစ္ေ႐ြးခ်ယ္ေရးေကာ္မတီက တရားဝင္ထုတ္ျပန္ထားပါတယ္။
တင္ဒါစိစစ္ေ႐ြးခ်ယ္ေရးအဖြဲ႕ ဥကၠ႒ျဖစ္သူ အမရပူရၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ေဆြက “တင္ဒါဆြဲတဲ့လူေတြ မနစ္နာေအာင္လို႔ သတ္မွတ္လိုက္တာပါ။ တခ်ိဳ႕ အိမ္ရွင္ေတြက အလြယ္တကူ ပြဲေတာ္ရက္မွာ လက္ခံတာေတြ ဘာညာရွိေတာ့ေလ ကုန္က်စရိတ္နဲ႔ မကာမိမွာ စိုးလို႔ပါ။ ပြဲေတာ္ရက္မွာလည္း စိစစ္မႈေတြ လုပ္သြားပါမယ္။ က်ေနာ္တို႔ ႏွစ္စဥ္က်င္းပေနတဲ့ အမရပူရၿမိဳ႕နယ္ ရတနာ့ဂူ ဘုရားပြဲေတာ္ရက္အတြင္းမွာ ခြင့္ျပဳခ်က္မရဘဲ တရားမဝင္ယာဥ္ အပ္ႏွံေရး စတန္းမ်ား ဖြင့္လွစ္ခဲ့ပါက ဒဏ္ေငြက်ပ္သိန္း ၂၀ ေပးေဆာင္ရမွာ ျဖစ္တယ္”လို႔ ေျပာပါတယ္။
ရတနာ့ဂူ ဘုရားပြဲေတာ္ရက္အတြင္း ရပ္ကြက္ေက်း႐ြာက အိမ္ေတြက ေနအိမ္အတြင္းမွာ က်ယ္ရင္က်ယ္သလို ကား၊ ဆိုင္ကယ္ လက္ခံေနတာေတြ မ်ားလာတာေၾကာင့္ တရားဝင္ တင္ဒါေအာင္ျမင္ၿပီး လုပ္ကိုင္ခြင့္ရတဲ့သူေတြ နစ္နာတာေတြ မရွိေအာင္ အခုလို ဒဏ္ေငြ႐ိုက္မွာ ျဖစ္ေၾကာင္းထုတ္ျပန္ကာ ပြဲေတာ္ရက္အတြင္း ေနအိမ္ရွင္ေတြကို တားျမစ္စာမ်ား တရားဝင္ေပးပို႔သြားမွာလည္း ျဖစ္တယ္။
ယာဥ္အပ္ႏွံေရး တင္ဒါေအာင္ခဲ့တဲ့ ဦးေသာင္းလြင္ဦးက “ တင္ဒါ ေအာင္ျမင္ထားသူေတြအေနနဲ႔ တရားမဝင္ ယာဥ္အပ္ႏွံေရး လုပ္ကိုင္ေနသူေတြ မရွိေစေရးအတြက္ ေစာင့္ၾကည့္တာေတြ ျပဳလုပ္ၿပီး သက္ဆိုင္ရာသို႔ သတင္းေပးပို႔ တိုင္ၾကားသြားမွာပါ။ က်ေနာ္တို႔ကေတာ့ တရားမဝင္ ဘယ္ေနရာ ဖြင့္ေနလဲၾကည့္ၿပီး သက္ဆိုင္ရာကို ေျပာမယ္။ တကယ္ ဒဏ္ေငြေဆာင္ခိုင္း မခိုင္းကို ေစာင့္ၾကည့္သြားမွာ ျဖစ္တယ္”လို႔ ေျပာပါတယ္။
တရားမဝင္ ယာဥ္အပ္ႏွံေရး လုပ္ကိုင္ၾကမယ္ဆိုရင္ ဒဏ္ေငြ က်ပ္သိန္း ၂၀ ေပးေဆာင္ေပမယ့္ ဆက္လက္လုပ္ကိုင္ပါက ဥပေဒလုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ထိေရာက္စြာ အေရးယူ ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔လည္း ဘုရားပြဲေတာ္ ျဖစ္ေျမာက္ေရးေကာ္မတီအေနနဲ႔ ေၾကညာထားပါတယ္။
ရတနာ့ဂူပြဲေတာ္ကို ၁၂၈၅ ခုႏွစ္က စတင္က်င္းပခဲ့ကာ အနယ္နယ္အရပ္ရပ္က သိန္းနဲ႔ခ်ီၿပီး လာေရာက္ၾကတဲ့ ဘုရားပြဲေတာ္ႀကီးျဖစ္ၿပီး အခုႏွစ္မွာေတာ့ ၾသဂုတ္ ၂၂ ရက္ကေန ၾသဂုတ္ ၂၉ ရက္အထိ ပြဲေတာ္ကို က်င္းပမွာပါ။
ဘုရားပြဲေတာ္မွာ ဗႏၶဳလဦးထုပ္ေတြ၊ ဓား၊ ဝါးလက္ခုပ္၊ ဗုံ၊ ေက်ာက္ပန္းေခြ၊ ကေရကရာ၊ မုန္ကြၽဲသဲ၊ ထိုးမုန႔္၊ မလိုင္မုန႔္ေတြ ေရာင္းခ်ၾကၿပီး ဝါေခါင္လျပည့္ေက်ာ္ ၁၀ ရက္ေန႔ဟာ ခ်ိဳးေရေတာ္သုံးတဲ့ေန႔ ျဖစ္တာေၾကာင့္ ပြဲေတာ္ရဲ႕ အစည္ကားဆုံး ေန႔တေန႔ ျဖစ္ပါတယ္။