Homeမြန်မာသတင်း
ဂုတ်တွင်းတံတား ဖျက်ဆီးခံရသဖြင့် မန္တလေး-မူဆယ် ကုန်ကားများနှင့် အလုပ်သမားများ အခက်အခဲဖြစ်နေ
ဂုတ်တွင်းတံတား ဖျက်ဆီးခံရသဖြင့် မန္တလေး-မူဆယ် ကုန်ကားများနှင့် အလုပ်သမားများ အခက်အခဲဖြစ်နေ
Aung Aung Naing
·
August 18, 2019
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် မန္တလေး-လားရှိုးကားလမ်း ဂုတ်တွင်းကားလမ်းမှာ ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပြီး ဂုတ်တွင်းတံတား ဖျက်ဆီးခံခဲ့ရတာကြောင့် မန္တလေး-မူဆယ်ကို ကုန်တင်ပြေးဆွဲနေကြတဲ့ ယာဉ်ပိုင်ရှင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲ ဖြစ်နေကြတယ်လို့ သိရပါတယ်။
နောင်ချို-ဂုတ်တွင်းတံတား ဖျက်ဆီးခံခဲ့ရပြီး ကားတွေ သွားလို့လာလို့ မရတော့တာကြောင့် ကုန်စည်စီးဆင်းမှုတွေ ပြတ်တောက်ကုန်သလို ကားကွင်းထဲက ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ ယာဉ်မှူး၊ ယာဉ်နောက်လိုက်တွေကအစ ဒုက္ခရောက်ကြရတယ်လို့ မန္တလေး-မူဆယ်-တောင်ကြီးကို ကားပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင် ဦးဇော်ကြီးက ပြောပါတယ်။
“နောင်ချို-ဂုတ်တွင်းတံတား ဖျက်ဆီးခံခဲ့ရတာကြောင့် ကားတွေ သွားလို့လာလို့ မရတော့ဘူးလေ။ အဲဒါကြောင့် ကုန်စည်စီးဆင်းမူတွေ ပြတ်တောက်ကုန်သလို ကားကွင်းထဲက ကုန်တင်ကုန်ချ အလုပ်သမားတွေ ယာဉ်မှူး၊ ယာဉ်လိုက်တွေ၊ ကျနော်တို့ ယာဉ်ပိုင်ရှင်တွေ အားလုံး အကုန်ဒုက္ခရောက်ကြရတယ်၊ စစ်ပွဲတွေလည်း အမြန်ပြီးဆုံးပြီး ငြိမ်းချမ်းရေးရစေချင်တယ်။ အဲဒါမှလည်း ကျနော်တို့ ယာဉ်ပိုင်ရှင်တွေနဲ့ ကားကွင်းကို မှီခိုနေကြတဲ့ အလုပ်သမားအားလုံးက အဆင်ပြေကြမှာ ဖြစ်တယ်။”
မန္တလေး-လားရှိုး ကားလမ်း၊ ဂုတ်တွင်းကားလမ်းကို ၅ ရက်အတွင်း ယာဉ်တွေ သွားလာနိုင်အောင် သက်ဆိုင်ရာ ဆောက်လုပ်ရေးဌာနက ပြန်လည်ပြုပြင်ပေးနေပါတယ်။
မူဆယ်ကနေ မန္တလေးကို တင်ပို့နေတဲ့တဲ့ ကုန်ပစ္စည်းရဲ့ ၇၀ ရာခိုင်နှုန်းဟာ တရုတ်ပစ္စည်းတွေ ဖြစ်ပြီး တရုတ်ပြည်က တင်သွင်းနေတဲ့ လူသုံးကုန်ပစ္စည်းတချို့ ဈေးတက်နေတယ်လို့လည်း သိရပါတယ်။
သြဂုတ် ၁၅ ရက်နေ့က နောင်ချို-ဂုတ်တွင်းတံတား၊ ၁၇ ရက်နေ့မှာ သိန္နီ-ကွမ်းလုံ- ချင်းရွှေဟော်လမ်းပေါ်က သံကူကွန်ကရစ်တံတားနဲ့ ကွန်ကရစ်တံတား၊ မနေ့ညနေကတော့ သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်းပေါ်က တံတားတစင်းတို့ ဖောက်ခွဲဖျက်ဆီးခံထားရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version
ဂုတ္တြင္းတံတား ဖ်က္ဆီးခံရသျဖင့္ မႏၲေလး-မူဆယ္ ကုန္ကားမ်ားႏွင့္ အလုပ္သမားမ်ား အခက္အခဲျဖစ္ေန
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ မႏၲေလး-လားရႈိးကားလမ္း ဂုတ္တြင္းကားလမ္းမွာ ၿပီးခဲ့တဲ့ ဩဂုတ္ ၁၅ ရက္ေန႔က တိုက္ပြဲျဖစ္ၿပီး ဂုတ္တြင္းတံတား ဖ်က္ဆီးခံခဲ့ရတာေၾကာင့္ မႏၲေလး-မူဆယ္ကို ကုန္တင္ေျပးဆြဲေနၾကတဲ့ ယာဥ္ပိုင္ရွင္ေတြနဲ႔ အလုပ္သမားေတြ အခက္အခဲ ျဖစ္ေနၾကတယ္လို႔ သိရပါတယ္။
ေနာင္ခ်ိဳ-ဂုတ္တြင္းတံတား ဖ်က္ဆီးခံခဲ့ရၿပီး ကားေတြ သြားလို႔လာလို႔ မရေတာ့တာေၾကာင့္ ကုန္စည္စီးဆင္းမႈေတြ ျပတ္ေတာက္ကုန္သလို ကားကြင္းထဲက ကုန္တင္ကုန္ခ် အလုပ္သမားေတြ၊ ယာဥ္မႉး၊ ယာဥ္ေနာက္လိုက္ေတြကအစ ဒုကၡေရာက္ၾကရတယ္လို႔ မႏၲေလး-မူဆယ္-ေတာင္ႀကီးကို ကားေျပးဆြဲေနတဲ့ ယာဥ္ပိုင္ရွင္ ဦးေဇာ္ႀကီးက ေျပာပါတယ္။
“ေနာင္ခ်ိဳ-ဂုတ္တြင္းတံတား ဖ်က္ဆီးခံခဲ့ရတာေၾကာင့္ ကားေတြ သြားလို႔လာလို႔ မရေတာ့ဘူးေလ။ အဲဒါေၾကာင့္ ကုန္စည္စီးဆင္းမူေတြ ျပတ္ေတာက္ကုန္သလို ကားကြင္းထဲက ကုန္တင္ကုန္ခ် အလုပ္သမားေတြ ယာဥ္မႉး၊ ယာဥ္လိုက္ေတြ၊ က်ေနာ္တို႔ ယာဥ္ပိုင္ရွင္ေတြ အားလုံး အကုန္ဒုကၡေရာက္ၾကရတယ္၊ စစ္ပြဲေတြလည္း အျမန္ၿပီးဆုံးၿပီး ၿငိမ္းခ်မ္းေရးရေစခ်င္တယ္။ အဲဒါမွလည္း က်ေနာ္တို႔ ယာဥ္ပိုင္ရွင္ေတြနဲ႔ ကားကြင္းကို မွီခိုေနၾကတဲ့ အလုပ္သမားအားလုံးက အဆင္ေျပၾကမွာ ျဖစ္တယ္။”
မႏၲေလး-လားရႈိး ကားလမ္း၊ ဂုတ္တြင္းကားလမ္းကို ၅ ရက္အတြင္း ယာဥ္ေတြ သြားလာႏိုင္ေအာင္ သက္ဆိုင္ရာ ေဆာက္လုပ္ေရးဌာနက ျပန္လည္ျပဳျပင္ေပးေနပါတယ္။
မူဆယ္ကေန မႏၲေလးကို တင္ပို႔ေနတဲ့တဲ့ ကုန္ပစၥည္းရဲ႕ ၇၀ ရာခိုင္ႏႈန္းဟာ တ႐ုတ္ပစၥည္းေတြ ျဖစ္ၿပီး တ႐ုတ္ျပည္က တင္သြင္းေနတဲ့ လူသုံးကုန္ပစၥည္းတခ်ိဳ႕ ေဈးတက္ေနတယ္လို႔လည္း သိရပါတယ္။
ၾသဂုတ္ ၁၅ ရက္ေန႔က ေနာင္ခ်ိဳ-ဂုတ္တြင္းတံတား၊ ၁၇ ရက္ေန႔မွာ သိႏၷီ-ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္လမ္းေပၚက သံကူကြန္ကရစ္တံတားနဲ႔ ကြန္ကရစ္တံတား၊ မေန႔ညေနကေတာ့ သိႏၷီ- ကြမ္းလုံ- ခ်င္းေ႐ႊေဟာ္လမ္းေပၚက တံတားတစင္းတို႔ ေဖာက္ခြဲဖ်က္ဆီးခံထားရပါတယ္။