DVB ရုပ်သံလိုင်းနှင့် 360 ံed တို့ သဘောတူစာချုပ် လက်မှတ်ရေးထိုး
ဆုဆုသွယ်
·
August 17, 2019
DVB ရုပ်သံလှိုင်းနဲ့ 360 ံed တို့ အကျိုးတူ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် နှစ်ဦး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
စာချုပ်ချူပ်ဆိုမှုကိုတော့ သြဂုတ် ၁၆ ရက်နေ့က ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာမှာ လုပ်ဆောင်ခဲ့တာပါ။
360 ံed က လုပ်ဆောင်နေတဲ့ ပညာရးဆိုင်ရာ နည်းပညာ သင်ထောက်ကူပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထု အသိပညာပေးလုပ်ငန်းစဉ်တွေကို DVB ရုပ်သံလိုင်းကနေတဆင့် ထုတ်လွှင့်ပြသနိုင်ဖို့အတွက် အခုလို လက်မှတ်ရေးထိုးခဲ့ကြတာပါ။
360 ံed ဟာ အမေရိကန်မှာ သန္ဓေတည်ခဲ့တဲ့ မြန်မာပိုင်ကုမ္ပဏီတခုဖြစ်ပြီး လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ပညာရေး အသွင်ကူးပြောင်းမှုတွေကို နည်းပညာအသုံးပြုကာ ပညာရေးအဆင့်အတန်း မြင့်မားလာဖို့ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgyi_version