Home
ရုပ်သံ
ဗေလုဝနှင့် ဟာသသရုပ်ဆောင်များပါဝင်သည့် ရုပ်ရှင်-အလီဘာဘာနှင့် ခိုးသားငါးယောက်(နမူနာ)
DVB
·
August 14, 2019
66235801_392559751381375_5849901214140989440_n
နာမည်ကြီး ဝါရင့်ဟာသ သရုပ်ဆောင်မင်းသား ဗေလုဝနဲ့ တခြားဟာသ သရုပ် ဆောင်တွေ အများကြီး ပါဝင်ထားကြတဲ့ အလီဘာဘာနှင့် ခိုးသားငါးယောက် ရုပ်ရှင်ကို သြဂုတ်လ ၁၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ပြုံး ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဗေလုဝနဲ့အတူ သရုပ်ဆောင်မင်းသမီး ခိုင်မြတ်သဇင်၊ ပြုံးမြသွယ်တို့ ကလည်း ပါဝင်ထားကြပြီး တခြားဟာသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ ကျော်ထူး၊ ကင်းကောင်၊ ငှက်ပျောကြော်၊ ဧရာ၊ ညောင်ညောင်၊ အုန်းသီး၊ ဆင်မ၊ ဝက်မ၊ ဖိုက်စတား၊ တက္က္ကသိုလ်ဂွမ်းပုံ စတဲ့ သရုပ်ဆောင်တွေလည်း အားဖြည့် ပါဝင်ထားကြတာ ဖြစ်ပါတယ်။ အဓိက နာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ မပါဝင်ပဲ ဟာသ သရုပ်ဆောင်တွေ ချည်း ခေါင်းဆောင် ပါဝင်ထားကြတဲ့ ဒီရုပ်ရှင်ကားရဲ့အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ တသန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ေဗလုဝႏွင့္ ဟာသသ႐ုပ္ေဆာင္မ်ားပါဝင္သည့္ ႐ုပ္ရွင္-အလီဘာဘာႏွင့္ ခိုးသားငါးေယာက္(နမူနာ) DVB နာမည္ႀကီး ဝါရင့္ဟာသ သ႐ုပ္ေဆာင္မင္းသား ေဗလုဝနဲ႔ တျခားဟာသ သ႐ုပ္ ေဆာင္ေတြ အမ်ားႀကီး ပါဝင္ထားၾကတဲ့ အလီဘာဘာႏွင့္ ခိုးသားငါးေယာက္ ႐ုပ္ရွင္ကို ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ႐ုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ ၿပဳံး ႐ုပ္ရွင္ထုတ္လုပ္ေရးက တင္ဆက္လိုက္တဲ့ ဒီ႐ုပ္ရွင္ကားကိုေတာ့ ဒါ႐ိုက္တာ ျပည္ဟိန္းသီဟက ႐ိုက္ကူးပုံေဖာ္ေပးထားတာ ျဖစ္ပါတယ္။ ဒီကားထဲမွာ ေဗလုဝနဲ႔အတူ သ႐ုပ္ေဆာင္မင္းသမီး ခိုင္ျမတ္သဇင္၊ ၿပဳံးျမသြယ္တို႔ ကလည္း ပါဝင္ထားၾကၿပီး တျခားဟာသ႐ုပ္ေဆာင္ေတြ ျဖစ္ၾကတဲ့ ေက်ာ္ထူး၊ ကင္းေကာင္၊ ငွက္ေပ်ာေၾကာ္၊ ဧရာ၊ ေညာင္ေညာင္၊ အုန္းသီး၊ ဆင္မ၊ ဝက္မ၊ ဖိုက္စတား၊ တကၠၠသိုလ္ဂြမ္းပုံ စတဲ့ သ႐ုပ္ေဆာင္ေတြလည္း အားျဖည့္ ပါဝင္ထားၾကတာ ျဖစ္ပါတယ္။ အဓိက နာမည္ႀကီး သ႐ုပ္ေဆာင္မင္းသားမင္းသမီးေတြ မပါဝင္ပဲ ဟာသ သ႐ုပ္ေဆာင္ေတြ ခ်ည္း ေခါင္းေဆာင္ ပါဝင္ထားၾကတဲ့ ဒီ႐ုပ္ရွင္ကားရဲ႕အထူးပြဲျပသမႈကိုေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၁၀ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ သမၼတ ႐ုပ္ရွင္႐ုံမွာ ျပဳလုပ္ခဲ့တာ ျဖစ္ပါ တယ္။ လတ္တေလာမွာေတာ့ ဒီ႐ုပ္ရွင္ကား Trailer ဟာ ေဖ့စ္ဘြတ္ခ္ေပၚမွာေတာ့ ဝင္ေရာက္ၾကည့္ရႈၾကတဲ့ အႀကိမ္ေရ တသန္းေက်ာ္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024