Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း ဘေးတွဲဆိုင်ကယ်အားလုံး ဖမ်းဆီးသွားမည်
အာကာ
·
August 8, 2019
Untitled-1
ရန်ကုန်တိုင်းတခုလုံးက ဘေးတွဲဆိုင်ကယ်တွေ အားလုံးကို ဖမ်းဆီးသွားမယ်လို့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောပါတယ်။ ဘေးတွဲဆိုင်ကယ်တွေဟာ ရန်ကုန်တိုင်းဒေသကြီးမှာ တရားဝင် ခွင့်ပြုမထားသလို ခံနိုင်ဝန်စစ်ဆေးထားတာလည်း မရှိတဲ့အတွက် အန္တရာယ်များတဲ့ ယာဉ်အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလန်ကျင့်မန်က “၃၁ ရက်နေ့အထိဆိုရင် မော်တော်ဆိုင်ကယ် ဘေးတွဲတွေ ၂၄၈ စီး ဖမ်းဆီးပြီး ဖြစ်ပါတယ်။ ဒဏ်ငွေရိုက်ပြီးတာ ၁၄၉ စီး၊ ကျန်တာ ၉၉ စီး ရှိပါတယ်။ အဲဒါတွေက တော်တော်အန္တရာယ်ရှိ ပါတယ်။ စီးတဲ့ ပါစင်ဂျာရော၊ ဘေးက ကားတွေအတွက်ရော တော်တော် အန္တရာယ်ရှိတဲ့ ဘေးတွဲဆိုင်ကယ်တွေပါ။ အားလုံးကို ဖမ်းဖို့ ကျနော်တို့ ညှိနှိုင်းပြီး ဖြစ်ပါတယ်။ တရားဝင် ခွင့်ပြုချက် မရတဲ့ဟာတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ရန်ကုန်တိုင်းထဲမှာ ဘေးတွဲဆိုင်ကယ်တွေကို စီမံချက်နဲ့ဖမ်းဆီးနေပြီး ဇူလိုင်လကုန်အထိ စီးရေ ၂၅၀ လောက် ဖမ်းဆီးအရေးယူထားပါတယ်။
ရန္ကုန္တိုင္းအတြင္း ေဘးတြဲဆိုင္ကယ္အားလုံး ဖမ္းဆီးသြားမည္ အာကာ ရန္ကုန္တိုင္းတခုလုံးက ေဘးတြဲဆိုင္ကယ္ေတြ အားလုံးကို ဖမ္းဆီးသြားမယ္လို႔ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ဦးလ်န္က်င့္မန္က ေျပာပါတယ္။ ေဘးတြဲဆိုင္ကယ္ေတြဟာ ရန္ကုန္တိုင္းေဒသႀကီးမွာ တရားဝင္ ခြင့္ျပဳမထားသလို ခံႏိုင္ဝန္စစ္ေဆးထားတာလည္း မရွိတဲ့အတြက္ အႏၲရာယ္မ်ားတဲ့ ယာဥ္အမ်ိဳးအစားျဖစ္တယ္လို႔ ဆိုပါတယ္။ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးလန္က်င့္မန္က “၃၁ ရက္ေန႔အထိဆိုရင္ ေမာ္ေတာ္ဆိုင္ကယ္ ေဘးတြဲေတြ ၂၄၈ စီး ဖမ္းဆီးၿပီး ျဖစ္ပါတယ္။ ဒဏ္ေငြ႐ိုက္ၿပီးတာ ၁၄၉ စီး၊ က်န္တာ ၉၉ စီး ရွိပါတယ္။ အဲဒါေတြက ေတာ္ေတာ္အႏၲရာယ္ရွိ ပါတယ္။ စီးတဲ့ ပါစင္ဂ်ာေရာ၊ ေဘးက ကားေတြအတြက္ေရာ ေတာ္ေတာ္ အႏၲရာယ္ရွိတဲ့ ေဘးတြဲဆိုင္ကယ္ေတြပါ။ အားလုံးကို ဖမ္းဖို႔ က်ေနာ္တို႔ ညႇိႏႈိင္းၿပီး ျဖစ္ပါတယ္။ တရားဝင္ ခြင့္ျပဳခ်က္ မရတဲ့ဟာေတြ ျဖစ္ပါတယ္” လို႔ ေျပာပါတယ္။ ရန္ကုန္တိုင္းထဲမွာ ေဘးတြဲဆိုင္ကယ္ေတြကို စီမံခ်က္နဲ႔ဖမ္းဆီးေနၿပီး ဇူလိုင္လကုန္အထိ စီးေရ ၂၅၀ ေလာက္ ဖမ္းဆီးအေရးယူထားပါတယ္။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024