Home
ရုပျသံ
ချမ်းမြသာစည်က နေအိမ် ၉ လုံးကို အင်အားအလုံးအရင်းဖြင့် ဖယ်ရှား၊ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)
Aung Aung Naing
·
July 27, 2019
md17
md16
md15
md14
md13
md11
md10
md9
md8
md7
md6
md5
md4
md12
မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်က ကျူးကျော် နေအိမ် ၉ လုံးကို  ဒီနေ့မနက်ပိုင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ရှင်းလင်းဖယ်ရှားရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။ မန္ထလေးတိုင်း    ၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥ သျှောင်ရပ်ကွက်၊ ပန်းပဲတန်းရပ် အကွက်အမှတ် ၄၉၈၊ စစ်ကိုင်း-မန္တလေးလမ်းရှိ  နေအိမ် ၉ လုံးကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ကျူးကျော်အဖြစ်သတ်မှတ်ပြီး ဖေဖော်ဝါရီလက ဖယ်ရှားပေးဖို့ စာပေးပို့ထားပေမယ့် ဖယ်ရှားမပေးတာကြောင့် ဇူလိုင် ၂၇ ရက်မှာ ဖယ်ရှားရှင်းလင်းခဲ့တာလို့ သိရပါတယ်။ အဖျက်ခံရတဲ့ အိမ်ရှင် ကိုမျိုးဝင်းက “ကျနော်တို့ မိသားစုတွေက လွန်ခဲ့တဲ့ ၆၂ ခုနှစ်ကတည်းက နေလာခဲ့တာ အခွန်တွေလည်း ဆောင်ထားခဲ့တယ်၊ အရင်အစိုးခေတ်တုန်းက နှစ်ကြိမ်လာဖျက်ဖူးတယ်။ ပိုင်ဆိုင်မှု အထောက်အထားတွေပြလိုက်တော့ နောက်ထပ်မလာတော့ဘူး။ ကျနော်တို့အားကိုးလို့ မဲပေးတင်မြောက်လိုက်တဲ့ အစိုးရခေတ်ကျမှ အဖျက်ခံရတယ်” လို့ ပြောပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင်ရပ်ကွက်၊ ပန်းပဲတန်းရပ်အကွက်အမှတ် ၄၉၈ စစ်ကိုင်း-မန္တလေးလမ်းက အိမ် ၉ လုံးကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေနဲ့ ကျူးကျော်အဖြစ် သတ်မှတ်ပြီး ဖယ်ရှားရှင်းလင်းရာမှာ မြို့နယ်တာဝန်ရှိသူတွေ၊ ရဲအင်အား ၁၅၀ ကျော်၊ မန္တလေးမြို့ စည်ပင်သာယာရေးက အင်အား ၂၀၀ ကျော်နဲ့ ဖယ်ရှားရှင်းလင်းခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024