Home
မြန်မာသတင်း
Wisdom Hill မူကြိုကျောင်းသူလေး ဗစ်တိုးရီးယား၏ မိခင် တရားရုံးတွင် ထွက်ဆို 
အောင်ဆန်းဦး
·
July 24, 2019
Untitled-1
နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှာ မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့ မူကြိုကျောင်းသူလေး  ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ကလေးရဲ့ မိခင် ဖြစ်သူက ဒီကနေ့ တရားရုံးမှာ ပထမဆုံးအကြိမ် အစစ်ဆေးခံပြီး ထွက်ဆိုချက်ပေးခဲ့ပါတယ်။  ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီး တရားစွဲဆိုခံထားရတဲ့ ယာဉ်မောင်း ကိုအောင်ကြီးကို ဒီကနေ့မနက်က နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးမှာ ဒုတိယ အကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ ဗစ်တိုးရီးယားရဲ့ မိခင်ဖြစ်သူက ဒီကနေ့တရားရုံးမှာ ထွက်ဆိုခဲ့ရာမှာ  Wisdom Hill ကျောင်းမှာ သမီးဖြစ်သူကို ကျောင်းအပ်ခဲ့ရတဲ့ အကြောင်းရင်း၊ အခင်းဖြစ်ပွားတဲ့နေရာ အတိအကျနဲ့  တရားခံတွေနဲ့ ပတ်သက်ပြီး သမီးဖြစ်သူရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး အဓိက ထွက်ဆိုသွားခဲ့ပါတယ်။ ဒီကနေ့ ရုံးထုတ် စစ်ဆေးမှုမှာတော့  ဗစ်တိုးရီးယားရဲ့ မိခင်ဖြစ်သူတယောက်ကိုပဲ တရားလို စစ်မေးချက် ပြုလုပ်ခဲ့တာဖြစ်ပြီး နောက်ရုံးချိန်းမှာတော့ အပြန်အလှန်စစ်မေးချက် ပြုလုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ Wisdom Hill ကျောင်းမှာ ပြီးခဲ့တဲ့ မေလက အသက် ၃ နှစ်အရွယ် မိန်းကလေးငယ်တဦး လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုကျင့် ခံခဲ့ရတာနဲ့ပတ်သက်လို့ နေပြည်တာ်  ဇဗ္ဗူသီရိမြို့နယ် အမှတ် ၁ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ အမှု ဖွင့်စစ်ဆေးနေတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024