Home
မြန်မာသတင်း
ဂျပန်သံရုံးရှေ့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြသည့် တောင်ကိုရီးအမျိုးသား သေဆုံး
DVB
·
July 20, 2019
fire
ဂျပန်အစိုးရရဲ့ တင်ပို့ကုန်ကန့်သတ်တာကို ကန့်ကွက်တဲ့အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မီးရှို့ပြီး ဆန္ဒပြပုံရတဲ့ တောင်ကိုရီးယား အမျိုးသားဟာ ဇူလိုင် ၁၉ ရက်က ဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။ ကင်မ်ဆိုတဲ့ အသက် ၇၈ နှစ်အရွယ် အမျိုးသားဟာ ဇူလိုင်လ ၁၈ ရက်က ဂျပန်သံရုံးရှေ့သွားပြီး ကားထဲထိုင်ကာ မီးရှို့ခဲ့တယ်လို့ ဆိုးလ်မြို့ ဂျောင်နိုမီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။ ကင်မ်ရဲ့ ယောက်က္ခမ ဖြစ်သူဟာ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကုမ္ပဏီတွေရဲ့ အတင်းအကျပ် အလုပ်ခိုင်းစေခံရပြီး ကင်မ်ဟာ ဂျပန်တွေရဲ့ ပို့ကုန်ကန့်သတ်တာကို ဆန့်ကျင် ဆန္ဒပြတာ ဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲကို ကိုးကားပြီး တောင်ကိုရီးယားသတင်းဌာက ဖော်ပြပါတယ်။ ကိုရီးယားကျွန်းဆွယ်ကို ဂျပန် သိမ်းပိုက်တဲ့ ၁၉၁၀- ၁၉၄၅ ခုနှစ်ကာလမှာ  အတင်းအကျပ် လုပ်အား ခိုင်းစေခံရတဲ့ ကိုရီးယား လူမျိုးတွေကို ဂျပန်ပေးမယ့် လျော်ကြေးကိစ္စကြောင့် ကိုရီးယားနဲ့ ဂျပန် နှစ်နိုင်ငံအကြား ဆက်ဆံရေး ဆိုးရွားနေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024