မိုးညှင်းမြို့အနီး မြေငလျင်လှုပ်
DVB
·
July 15, 2019
ကချင်ပြည်နယ်၊ မိုးညှင်းမြို့အနီးမှာ အင်အား ရစ်ခ်ျတာစကေး ၃.၁ အဆင့်ရှိ အင်အား အနည်းငယ်ရှိတဲ့ မြေငလျင်တခု မနေ့ညက လှုပ်ရှားသွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၄ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၉ နာရီ၊ ၄ မိနစ်၊ ၄၅ စက္ကန့် အချိန်မှာ ကသာမြေငလျင်စခန်းရဲ့ မြောက်ဘက် ၄၉ မိုင် ခန့်ကွာဝေးတဲ့ မြန်မာပြည်တွင်း မိုးညှင်းမြို့ရဲ့ မြောက်-အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ အနက် ၈ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလို့ ဆိုပါတယ်။