အိုးဘိုအကျဉ်းထောင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သူများကို ဂုဏ်ပြု
DVB
·
July 14, 2019
မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ကနေ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းမှာ ဖြေဆိုအောင်မြင်ခဲ့တဲ့ ကျောင်းသား ကျောင်းသူ ၄၂ ဦးကို ဇူလိုင် ၁၃ ရက်နေ့က ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။
မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ကနေ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ ၇၂ ဦးရှိခဲ့ပြီး နှစ်ဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦး နဲ့ ရိုးရိုးအောင်မြင်တဲ့သူတွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။
အကျဉ်းကျခံနေရတဲ့ ဆရာ ဆရာမ ၂၃ ဦး၊ အခြေခံပညာဦးစီးဌာနက ဆရာ ဆရာမ ၁၁ ဦး၊ ပညာဒါန ဆရာ ဆရာမ ၁၄ ဦးတို့ကိုလည်း ဂုဏ်ပြုဆုတွေ ပေးအပ်ခဲ့ပါသေးတယ်။
အကျဉ်းထောင်းအတွင်းကနေ တက္ကသိုလ်ဝင်တန်းအောင်မြင်သူတွေနဲ့ အကျဉ်းသားဆရာ ဆရာမတွေက သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကိုလည်း မျှော်လင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
အရင်က စာမေးပွဲဖြေဆိုမယ့် အကျဉ်းသား/သူတွေကို အင်းစိန်အကျဉ်းထောင်စာစစ်ဌာနမှာ သွားရောက်ဖြေဆိုတာကနေ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်က စတင်ပြီး မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) မှာ စာစစ်ဌာနတခုဖွင့်ပြီး ဖြေဆိုစေခဲ့တာပါ။