မွန်ညီညွတ်ရေးပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု
DVB
·
July 12, 2019
မွန်ညီညွှတ်ရေးပါတီကို တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပြီလို့ ဇူလိုင် ၁၁ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အကြောင်းကြားစာပေးပို့လာတယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့် ရှိသူ နိုင်လယိတမက ဒီဗွီဘီကို အတည်ပြုပြောပါတယ်။
ကော်မရှင်ရဲ့ အကြောင်းကြာစာမှတော့ ဇူလိုင် ၁၁ ရက်ကစပြီး မှတ်ပုံတင်ခွင့် ပြုလိုက်တဲ့အတွက်ကြောင့် ရက်ပေါင်း ၉၀ အတွင်း အနည်းဆုံးပါတီအင်းအား ၁၀၀၀ စာရင်းကို ပြန်လည်တင်ပြဖို့ ညွှန်ကြားထားတာပါ။
မွန်ညီညွတ်ရေးပါတီအနေနဲ့ ပါတီမှတ်ပုံတင်ခွင့် ကျလာတဲ့အတွက်ကြောင့် မြို့နယ် ၁၉ မြို့နယ်မှာ ရုံးခန်းတွေ ဖွင့်လှစ်သွားမယ့်အပြင် ပါတီဆိုင်းဘုတ်တင်မယ့် လုပ်ငန်းစဉ်တွေကို ဦးဆုံး လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။
ဒီလုပ်ငန်းတွေပြီးမှ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
မွန်ညီညွတ်ရေးပါတီဟာ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနဲ့ မွန်ပါတီ ထူထောင်လိုသူတွေ ပေါင်းစည်းထားတဲ့ ပါတီတခုဖြစ်ပါတယ်။