Homeမြန်မာသတင်း
ဇူလိုင်နှင့်သြဂုတ် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သည့် မြစ်ရေခန့်မှန်းချက် မိုးဇလ ထုတ်ပြန်
ဇူလိုင်နှင့်သြဂုတ် စိုးရိမ်ရေမှတ်အထက် ကျော်လွန်နိုင်သည့် မြစ်ရေခန့်မှန်းချက် မိုးဇလ ထုတ်ပြန်
DVB
·
June 28, 2019
မိုးလယ်ကာလဇူလိုင်လနှင့် သြဂုတ်လတို့မှာ စိုးရိမ်ရေမှတ်အထက် တကြိမ်၊ နှစ်ကြိမ် ကျော်လွန်ရောက်ရှိနိုင်တဲ့ မြို့တွေရဲ့ မြစ်ရေအခြေအနေ ခန့်မှန်းချက်ကို မိုးဇလက ဒီနေ့ထုတ်ပြန်ပါတယ်။
ချင်းတွင်းမြစ်ရေဟာ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မုံရွာ စတဲ့မြို့တို့ရဲ့ စိုးရိမ်ရေမှတ်အသီးသီးအထက် ၁ ကြိမ်ခန့်စီ ကျော်လွန်ရောက်ရှိနိုင်ပါတယ်။
ဧရာဝတီမြစ်ရေဟာ ဗန်းမော်၊ ရွှေကူ၊ ကသာ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ ပခုက္ကူ၊ ညောင်ဦး၊ ချောက် မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်နဲ့ ဆိပ်သာ စတဲ့မြို့တို့မှာ စိုးရိမ်ရေမှတ်အသီးသီးအထက် ၁ ကြိမ်ခန့်စီ၊ ဟင်္သာတနဲ့ ဇလွန်မြို့တို့မှာ ၂ ကြိမ်ခန့်စီ ကျော်လွန် ရောက်ရှိနိုင်ပါတယ်။
မြစ်သာမြစ်ရေဟာ ကလေးမြို့မှာ ၁ ကြိမ်ခန့်၊ ဒုဋ္ဌဝတီမြစ်ရေဟာ မြစ်ငယ်မြို့မှာ (၁) ကြိမ်ခန့်၊ စစ်တောင်း မြစ်ရေဟာ တောင်ငူမြို့မှာ ၁ ကြိမ်ခန့်နဲ့ မဒေါက်မြို့မှာ ၂ ကြိမ်ခန့်၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့မှာ ၂ ကြိမ်ခန့်၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ၁ ကြိမ်ခန့်၊ သံလွင်မြစ်ရေဟာ ဘားအံမြို့မှာ ၂ ကြိမ်ခန့်၊ ငဝန်မြစ်ရေဟာ ပုသိမ်မြို့၊ ငါးသိုင်းချောင်းမြို့နဲ့ သာပေါင်းမြို့တို့မှာ ၂ ကြိမ်ခန့်စီ၊ တိုးမြစ်ရေဟာ မအူပင်မြို့မှာ ၂ ကြိမ်ခန့်၊ ကုလားတန်မြစ်ရေဟာ ကျောက်တော်မြို့မှာ ၁ ကြိမ်ခန့်၊ လေးမြို့မြစ်ရေဟာ မြောက်ဦးမြို့မှာ ၁ ကြိမ်ခန့်၊ ဘီးလင်းမြစ်ရေဟာ ဘီးလင်းမြို့မှာ ၂ ကြိမ်ခန့်၊ အထက်ပါမြို့တွေရဲ့ စိုးရိမ်ရေမှတ်အသီးသီး အထက်သို့ ကျော်လွန်ရောက်ရှိနိုင်တယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။