Home
မြန်မာသတင်း
မန္တလေးခရိုင် အခြေခံပညာ ၂၅ ကျောင်းတွင် မူးယစ်ဆေးသုံးစွဲမှု ပညာပေး
DVB
·
June 24, 2019
65093861_2369804176609961_1796000674299772928_o
65415917_2369804093276636_5696378166491217920_o
65006027_2369804139943298_6289242180582113280_o
64935988_2369804236609955_1039051987330531328_o
မန္တလေးတိုင်း မန္တလေးခရိုင်အတွင်းရှိ အခြေခံပညာကျောင်း ၂၅ ကျောင်းမှာ မူးယစ်ဆေးဝါးသုံးစွဲမှု ကြိုတင်ကာကွယ်ရေး ပညာပေးလှုပ်ရှားမှုကို ဇွန် ၂၄ ရက်က စတင် ပြုလုပ်နေပါတယ်။ မန္တလေးတက္ကသိုလ်နဲ့ ရတနာပုံတက္ကသိုလ် ကျောင်းသားကျောင်းသူတွေရဲ့ မြန်မာနိုင်ငံ မျိုးဆက်သစ်လူငယ်များအဖွဲ့ (AMN Generations) က ဦးဆောင် ပြုလုပ်တာဖြစ်ပြီး ဒီလှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကိုတော့ မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ  ဒီမနက်က ပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ''နိုင်ငံတော်အစိုးရအနေနဲ့ မူးယစ်ဆေးဝါးအန္တရာယ်ကို လျှော့ချနိုင်ဖို့ အစိုးရအဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာအချင်းချင်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်နည်းတူ ပြည်သူလူထုနဲ့ ကျောင်းသားလူငယ်တွေမှာလည်း ကိုယ်စီတာဝန်ရှိစွာဖြင့် ပူးပေါင်းဆောင်ရွက်ကြဖိုကိုလည်း တိုက်တွန်းပြောကြားလိုပါတယ် '' လို့ ပြောပါတယ်။ ဒီလှုပ်ရှားမှုကို မူးယစ်ဆေးသုံးစွဲခြင်း၏ အန္တရာယ်တွေကို အခြေခံပညာကျောင်းတွေမှ ကလေးလူငယ်တွေ သိရှိပြီး မိမိကိုယ်ကို ကာကွယ်နိုင်စေဖို့၊ မူးယစ်ဆေးအကြောင်း လူကြီးမိဘတွေ သိရှိပြီး ကလေးလူငယ်တွေကို မူးယစ်ဆေးသုံးစွဲခြင်းမှ ကာကွယ်ပေးနိုင်ဖို့၊ တက္ကသိုလ်ကျောင်းသား/ကျောင်းသူတွေအနေနဲ့လည်း လူမှုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ခြင်း ဖြင့် အများနှင့်အတူ ပူးပေါင်းလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်ကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာပါ။ မြန်မာနိုင်ငံ မျိုးဆက်သစ်လူငယ်များအဖွဲ့ (AMN Generations)က အဖွဲ့ ၅ ဖွဲ့ခွဲပြီး အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ၊ ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည် စတဲ့ မြို့နယ်တွေက အခြေခံပညာကျောင်း ၂၅ ကျောင်းမှာ သွားရောက်ပညာပေးလုပ်မယ်လို့ သိရပါတယ်။ ဒီလှုပ်ရှားမှုကို ကို ဇွန် ၂၄ ရက် မှ ဇွန် ၂၈ ရက်ထိ ပြုလုပ်မှာဖြစ်ပြီး တရက်ကို ကျောင်း ၅ ကျောင်း သွားရောက်ပြုလုပ်မယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024