Home
မြန်မာသတင်း
တက္ကသိုလ် ၁၄ ခုတွင် ကျောင်းဝင်ခွင့် သီးခြားခေါ်ယူမည်
ဆုဆုသွယ်
·
June 20, 2019
64821175_2269184403162655_6021867869267034112_n
မနှစ်က တက္ကသိုလ်ဝင်ခွင့်ကို တိုက်ရိုက်ခေါ်ယူခဲ့တဲ့တက္ကသိုလ် ၁၁ ခုနဲ့ အခုနှစ်မှာ ထပ်တိုးလိုက်တဲ့ တက္ကသိုလ် ၃ ခု အပါအ၀င် စုစုပေါင်းတက္ကသိုလ် ၁၄ ခုမှာ တက်ရောက်မယ့် ကျောင်းသားတွေအတွက်  ဝင်ခွင့်သီးခြား ခေါ်ယူသွားဖို့ရှိပါတယ်။ ဝင်ခွင့်သီးခြားခေါ်ယူခွင့်ပြုတဲ့ တက္ကသိုလ် ၃ ခုကတော့ ဆိုင်ဘာယူနီဗာစတီ (ပြင်ဦးလွင်)၊ အာကာသသိပ္ပံတက္ကသိုလ်(မိတ္ထီလာ)နဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွေ ဖြစ်ပါတယ်။ သီးခြားခေါ်ယူခွင့်ရရှိထားတဲ့ တက္ကသိုလ်တွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်ခေါ်ဆိုရာမှာ ရန်ကုန်တက္ကသိုလ်ကလွဲပြီး ကျန်တဲ့တက္ကသိုလ်အားလုံးမှာ ဝင်ခွင့်ရွေးချယ်ရာမှာ လူတွေ့စစ်ဆေး မေးမြန်းတာတွေ မလုပ်တော့ဘူးလို့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ်က ဒီဗွီဘီကိုပြောပါတယ်။ အရင်နှစ်က ဝင်ခွင့်တိုက်ရိုက်ခေါ်ဆိုခဲ့တဲ့ တက္ကသိုလ် ၁၁ ခုမှာ တက္ကသိုလ်တခုချင်းစီ အလိုက် လူတွေ့စစ်ဆေးမေးမြန်းတာခဲ့ရာမှာ ကျောင်းသားတွေနဲ့ ကျောင်းသား မိဘတွေမှာ ငွေကြေးကုန်ကျများပြီး အဆင်မပြေတာတွေရှိခဲ့တဲ့အတွက် အခုနှစ်မှာ မိဘတွေကို ငဲ့ညှာတဲ့ အနေနဲ့ လူတွေ့စစ်ဆေးမေးမြန်းတဲ့ပုံစံကို ဖျက်သိမ်းလိုက်တာဖြစ်တယ်လို့ဆိုပါတယ်။ ဝင်ခွင့်သီးခြားခေါ်ယူတဲ့ တက္ကသိုလ်တွေကို လျှောက်ထားလိုတဲ့ ကျောင်းသား၊ကျောင်းသူ တွေအနေနဲ့ အရင်နှစ်ကလို တက္ကသိုလ်တခုချင်းစီကို သွားရောက်လျှောက်ထားရမှာ မဟုတ်ဘဲ အဆင့်မြင့် ပညာဦးစီးဌာနက ဇွန်လ၂၄ ရက်နေ့မှာ သက်ဆိုင်ရာအခြေခံပညာကျောင်းတွေမှာ ထုတ်ပေးသွားမယ့် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာအိတ်တွေမှာ တခါတည်းလျှောက်ထား နိုင်ပါတယ်။ တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရာမှာတော့ ဆယ်တန်းအမှတ်စာရင်းအပေါ် အခြေခံပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အခုနှစ်မှာ တက္ကသိုလ်ဝင်ခွင့်စနစ်ပြောင်းလဲထားတဲ့ အပြောင်းအလဲတွေကို ကျောင်းသား တွေ သိရှိနားလည်စေဖို့ ရုပ်မြင်သံကြားနဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြဖို့ရှိနေပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာမြို့နယ်အလိုက် တက္ကသိုလ်ဝင်တန်းအောင်မြင်တဲ့ ကျောင်းသားတွေကိုခေါ်ယူပြီး ရှင်းလင်းတာတွေနဲ့ ဝင်ခွင့်တင်သွင်းတဲ့ တက္ကသိုလ်တွေမှာ ဆရာ၊ ဆရာမတွက ရှင်းလင်းတာတွေ စတဲ့ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024