ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ရခိုင်ပြည်နယ်တွင် သစ်ပင်စိုက်ပွဲကျင်းပ
DVB
·
June 19, 2019
ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီနေ့မနက်ပိုင်းက ရခိုင်ပြည်နယ်က ဂွမြို့နယ်နဲ့ စစ်တွေမြို့နယ်တွေမှာ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပါတယ်။
ဂွမြို့နယ်မှာ ကျင်းပတဲ့ သစ်ပင်စိုက်ပျိုးပွဲတော်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုယ်တိုင် တက်ရောက်စိုက်ပျိုးခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စည်ပင် သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။
သစ်ပင်စိုက်ပွဲတော်မှာ သစ်တောဦးစီးဌာနအပါအဝင် ဌာနဆိုင်ရာတွေ၊ ဒေသခံတွေနဲ့ ကျောင်းသူကျောင်းသားတွေက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ခရေ၊ စတဲ့ သစ်ပင်တွေကို စိုက်ပျိုးခဲ့ကြပါတယ်။
သတင်း-ဝဏ္ဏခွာညို - ဓာတ်ပုံ - RBN