မိုးကောင်းမြို့တွင် အင်အား ၃.၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
June 7, 2019
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဒီနေ့မနက်ပိုင်းက အင်အားရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၇ ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီ၊ ၁၃ မိနစ်က မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်တောင်ဘက် မိုင် ၆၀ လောက် ကွာဝေးတဲ့ မိုးကောင်းမြို့ရဲ့ အနောက်တောင်ဘက် ၂၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၁၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၆၂ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာလောက်ကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၉) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခုလှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။