မီးပျက်မည်ဖြစ်၍ အောင်ဘာလေထီ သတ်မှတ်ချိန်ထက် စောဖွင့်
စိုးမိုးအောင်
·
June 1, 2019
မီးပျက်မှာဖြစ်လို့ အောင်ဘာလေထီဆုဖွင့်ပွဲကို သတ်မှတ်ချိန်ထက်စောပြီး ဖွင့်လှစ်ခဲ့ပါတယ်။
၎ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီ ကျပ်သိန်းတစ်သောင်းခွဲအထူးဆုကြီး
အပါအဝင် အခြားဆုမဲတွေကို ဇွန် ၁ ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ် အောင်ဘာလေသိန်းဆုဌာနခွဲမှာ ဖွင့်လှစ်နေတာပါ။
အောင်ဘာလေသိန်းဆုဖွင့်ပွဲတွေကို အရင်က မနက် ၈ နာရီမှ စတင်ဖွင့်လှစ်လေ့ရှိပေမယ့် ၄ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီဖွင့်ပွဲမှာတော့ နေ့လယ် ၁၂ နာရီမှာ လျှပ်စစ်မီးပျက်မှာဖြစ်တာကြောင့် အရင်ထက်စောပြီး ဖွင့်လှစ်သွားမယ်လို့ အောင်ဘာလေ သိန်းဆုဌာန အရာရှိတဦးက ပြောဆိုခဲ့ပြီး မနက် ၇ နာရီ မိနစ် ၄၀ လောက်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။
၎ ကြိမ်မြောက် ကျပ် ၁၀၀၀ တန်အောင်ဘာလေထီဖွင့်ပွဲမှာ မရောင်းရ ထီလက်မှတ်တွေရှိတာကြောင့် ပေါက်မဲတွေပြန်လည်နှိုက်ယူနေရလို့ အချိန်ကြန့်ကြာမှုတွေလည်း ရှိနေပါတယ်။
အဲဒီလို အချိန်ကြန့်ကြာနေတဲ့အပေါ် EPC ကို နေ့လယ် ၁ နာရီအထိ လျှပ်စစ်မီးပေးဖို့ ပြောဆိုထားတယ်လို့ အောင်ဘာလေသိန်းဆုဌာနက ဝန်ထမ်းတယောက်က ဆိုပါတယ်။
၎ ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေထီဖွင့်ပွဲမှာ ကျပ်သိန်းတစ်သောင်းခွဲ အထူးဆုကြီးအပါအဝင် ကျပ်သိန်းတသောင်းဆု (၁) ဆု၊ ကျပ်သိန်း ၅၀၀၀ (၂) ဆု၊ ကျပ်သိန်း၂၀၀၀ (၄) ဆု၊ ကျပ်သိန်း၁၀၀၀ (၇) ဆုအပါအဝင် ဆုမဲပေါင်း ၂၁၉၇၇၄ ဆု ဖွင့်လှစ်မယ်လို့ အောင်ဘာလေထီသိန်းဆုဌာနက ထုတ်ပြန်ထားပါတယ်။
စိုးမိုးအောင်