စပါးဈေးကျဆင်းနေသည့်ကိစ္စ အရေးပေါ် အစည်းအဝေးကျင်းပ
ပြည့်ဖြိုးကျော်
·
May 27, 2019
တရုတ်နိုင်ငံကို နယ်စပ်ကနေ မြန်မာ့ဆန်တင်ပို့မှုရပ်တန့် သွားတာကြောင့် စပါးဈေးတွေ ကျတေယ်လို့ ဆန်စပါးကုန်သည်တွေကပြောပါတယ်။
အခြေခံစပါး ဈေး တင်းတရာကို ကျပ် ၅ သိန်းသတ်မှတ်ထားပေမယ့် အရည်သွေး သတ်မှတ်ချက် အရ ၅ သိန်းအောက်ရောက်နေတာကြောင့် တောင်သူတွေ အရုံးပေါ်နေပါတယ်။
မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်က ကူညီပြီးဆန်တွေဝယ်နေပေမယ့် စက်ပိုင် ကုန်သည်တွေက တော့ ကျပ် ၅သိန်းဈေးနဲ့ မဝယ်နိုင်ကြတာကြောင့် စပါးဈေးအတွက် အရေးပေါ်အစည်းအဝေးပွဲ ဒီကနေ့ ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။
လတ်တလောမှာတော့ ဆန်စပါးအဖွဲ့ချုပ်က ညှိနှိုင်းမှုနဲ့ စပါးဈေးကို ဆက်ထိန်းထားနိုင်တယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။