နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဇွန်လထဲ ချက်နိုင်ငံ သွားမည်
DVB
·
May 25, 2019
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ အစောပိုင်းမှာ ချက်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ ရှိနေတယ်လို့ ချက်နိုင်ငံ ရေဒီယိုပရာဟာ သတင်းမှာ ဖော်ပြထားပါတယ်။
ချက်ဝန်ကြီးချုပ် အန်ဒရေ ဘာဘတ်စ်ရဲ့ ဖိတ်ကြားချက်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ၄ ရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်မှာ ဖြစ်ပြီး သမ္မတ မီလို ဇီမန်း၊ နိုင်ငံခြားရေးဝန်ကြီး တိုမက်စ် ပက်ထရစ်ဆက်တို၊ ပါလီမန်ဆိုင်ရာ ကိုယ်စားလှယ်တို့နဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။
ချက်သမ္မတဟောင်း ဗားကလက် ဟာဗယ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အတိုက်အခံဘ၀တုန်းက ၁၉၉၁ ခုနှစ်မှာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရအောင် ကူညီပေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၃ ခုနှစ်တုန်းက ချက်နိုင်ငံ ပရက်မှာလုပ်တဲ့ ဖိုရမ် ၂၀၀၀ ညီလာခံကို တက်ရောက်ခဲ့ဖူးပါတယ်။