ဖောင်းပြင်တွင် ကျပ်သိန်း ၇၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းမိ
DVB
·
May 24, 2019
စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်မှာ ငွေကျပ်သိန်းပေါင်း ၇,၁၂၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးက မေ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။
ဖောင်းပြင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေ ၂၁ ရက်က ညနေ ၃ နာရီလောက်က ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာအဝင်လမ်းပေါ်မှာ သတင်းအရ စောင့်ဆိုင်းနေစဉ် HARRIER ခဲရောင်မော်တော်ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် မောင်းနှင်ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။
လိုက်လံရှာဖွေရာ ည ၇ နာရီလောက် ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာ အရှေ့ဘက်တောလမ်းမှာ ယာဉ်ကိုတွေ့ရှိပြီး ရှာဖွေရာ ယာဉ်အနီးရှိ ချုံပုပ်အတွင်းမှ ဆပ်ပြာခွက် ၆၆၀ ခွက်နဲ့ ထည့်ထားတဲ့ ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ထားတယ်လို့ သိရပါတယ်။