ရေဖြူမြို့နယ်အတွင်း တူမီးသေနတ် အလက် ၂၀၀ ခန့် လာရောက်အပ်နှံ
DVB
·
May 23, 2019
တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်း တူးမီးသေနတ်ကိုင်ဆောင်သူတွေကို အရေးယူမယ်လို့ ကြေညာပြီးနောက် တူမီးသေနတ် ၁၉၃ လက် လာရောက်အပ်နှံခဲ့ကြပါတယ်။
မှုခင်းကျဆင်းရေးအတွက် တူမီးသေနတ်တွေ အမြန်ဆုံး အပ်နှံကြဖို့ အပ်နှံခြင်းမရှိဘဲ ကိုင်ဆောင်ပါက အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက မေလ ၂၁ ရက်နေ့မှာ ကြေညာပြီးနောက် အခုလို လာရောက်အပ်နှံခဲ့ကြတာလို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။
ရေဖြူမြို့နယ် ဧကနိကျေးရွာအပါအ၀င် ၄ ရွာမှ လာရောက်အပ်နှံတဲ့ တူမီးသေနတ် အလက် ၅၀၊ ကံပေါက်နယ်မြေ ဖားချောင်းကျေးရွာအပါအ၀င် ၃ ရွာမှ တူမီးသေနတ် ၃၅ လက်၊ အုန်းပင်ကွင်းကျေးရွာမှ တူမီးသေနတ် ၆ လက်၊ ကျွဲသုံးညီမကျေးရွာအပါအ၀င် ၇ ရွာမှ တူမီး သေနတ် ၁၀၂ လက်၊ စုစုပေါင်း ၁၉၃ လက်တို့အား အပ်နှံခဲ့ကြပြီး ရေဖြူမြို့မရဲစခန်းနဲ့ ကံပေါက်နယ်မြေရဲစခန်းမှာ သိမ်းဆည်းထားတယ်လို့ ဆိုပါတယ်။