ဟုမ္မလင်းမြို့တွင် အင်အား ၄.၂ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
May 23, 2019
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့မှ မေ ၂၂ ရက်နေ့ညက အင်အား ၄.၂ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မေ ၂၂ ရက်နေ့ည ၇ နာရီခွဲလောက်က ဟုမ္မလင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၈ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၄.၉၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅.၁၃ ဒီဂရီ၊ အနက် ၈၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၄.၂ အဆင့်ရှိ အင်အား အနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။