Home
မြန်မာသတင်း
မိုင်းတုံတွင် ​ခွင့်ပြုချက်​​မျောစာမဲ့ ဆင်​သုံး​ကောင်​ သယ်ယူသည့် ဆင်​ဦးစီးများကို အမှုဖွင့်
DVB
·
May 16, 2019
60601582_429101011249370_6639576697207259136_n
60404902_429101081249363_8849219920823582720_n
60347193_429100961249375_8332160636398075904_n
60320149_429101061249365_5820649175435444224_n
ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း မိုင်းတုံမြို့နယ်​ လွယ်​ပွတ်​သစ်​​တောကြိုးဝိုင်းဧရိယာအတွင်း ​ရောက်​ရှိ​နေတဲ့ သစ်​ဆွဲဆင်​သုံး​ကောင်​ကို ခွင့်ပြုချက်​​မျောစာမပါရှိဘဲ သယ်​ယူ​ရွှေ့ပြောင်းလာ တဲ့ ဆင်​ဦးစီး သုံးယောက်​ကို သစ်​​တောဌာနက ဖမ်းဆီးအမှုဖွင့်လှစ်​ခဲ့ပါတယ်​။ “၂၀၁၃ ခုနှစ်​မှာ တင်​မြင့်ရီကုမ္ပဏီက နိုင်​ငံ​တော်​အစိုးရခွင့်ပြုချက်​နဲ့ ထုတ်​လုပ်​​တဲ့ သစ်​တွေနဲ့ ဝင်းကု​ဋေကုမ္ပဏီမှ ရှမ်းပြည်​နယ်​အစိုးရအဖွဲ့ အစီအစဉ်​နဲ့ ​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးအတွက်​ ထုတ်​လုပ်​တဲ့သစ်​​တွေကို အငှားဆွဲဖို့ သယ်​​ဆောင်​လာရာမှာ ဆင်​မှတ်​ပုံတင်​သက်​တမ်း ကုန်​ဆုံးပြီး သက်​တမ်းတိုးထားတာ မရှိ​ကြောင်း စစ်​​ဆေး​တွေ့ရှိတာ​ကြောင့် ခုလို​ဆောင်​ရွက်​ရတာပါ” လို့ မြို့နယ်​သစ်​​တော ဦးစီးအရာရှိ ဦးဖိုးချိုက​ ပြောပါတယ်​။ တင်​မြင့်ရီကုမ္ပဏီက ၂၀၁၂ ခုနှစ်​မှာ ကချင်​ပြည်​နယ်​ မိုး​ကောင်းမြို့နယ်​​နေ ဦး​စော​နေရူးထံမှ ငှားရမ်းခဲ့တဲ့ ဆင်​(ထီး)​နော်​ဂျာ၊ ပဲခူးတိုင်း​ဒေသကြီး​ တောင်​ငူမြို့​နေ ဦး​စော​နေမူးထံမှ ငှားရမ်းခဲ့တဲ့ ဆင်​(ထီး)ဖားဒိုထူးနဲ့ ဝင်းကု​ဋေကုမ္ပဏီက မိုင်းတုံမြို့နယ် ​​ဟောင်​လီ​ကျေးရွာ​နေ ဦး​စောသဲဝါးထံမှ ငှားရမ်းခဲ့တဲ့ ဆင်​(မ)ထက်​ထက်​စိန်​ တို့ကို သစ်​​တောညွှန်​ကြား​ရေးမှူးတွေရဲ့ ခွင့်ပြုချက်​​မျောစာမပါရှိဘဲ သယ်​​ဆောင်​ကာ လုပ်​ငန်း​ဆောင်​ရွက်​​နေခဲ့တာဖြစ်​ပါတယ်​။ “အရင်​တုန်းက​တော့ ခွင့်ပြုချက်​အရ သယ်​လာတာပါပဲ။ အခုမှ ၂၀၁၈ သစ်​​တော ဥပ​ဒေပြင်​ဆင်​ချက်​အရဆိုပြီး စစ်​​ဆေးခံရပြီး အ​ရေးယူဖို့ဖြစ်​လာတာပါ။ ဒဏ်​​ကြေး​ပေး​ဆောင်​ ရဖို့ပဲ ရှိပါတယ်​။ ​လော​လောဆယ်​တ​ဦးကို သိန်းငါးဆယ်​တန်​ ခံဝန်​​တော့ ​ပေးထားပါတယ်​" လို့ ဆင်​ပိုင်​ရှင်​ဆင်​ဦးစီးဖြစ်​သူ ဦး​စောသဲဝါးက ဆိုပါတယ်​။ အဆိုပါ ဆင်​ပိုင်​ရှင် ​ဆင်​ဦးစီး သုံးဦးတို့ကို မိုင်းတုံမြို့မရဲစခန်းက သစ်​​တောဥပ​ဒေ ပုဒ်​မ၃၉(က)အရ အမှုဖွင့်အ​ရေးယူထားပြီး တရားရုံးမှာ အမှုရင်​ဆိုင်​ပြီးပါက ဒဏ်​​ကြေး ကျပ်​သုံးသိန်းမှ ကျပ်​ခုနှစ်​သိန်းအထိ​ ပေး​ဆောင်​ရနိုင်​​တယ်လို့ သိရပါတယ်​။ ​အောင်​​ဇေယျ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024