ဧရာဝတီတိုင်းအတွင်း ခွေး၊ ကြောင် ၈၀၀၀၀ ခန့်ကို ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးပေး
DVB
·
May 11, 2019
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆) မြို့နယ်မှာ ခွေးရူးရောဂါ မဖြစ်ပွားစေဖို့ မေလ လဆန်းပိုင်းကစတင်ပြီး ခွေး၊ ကြောင် အကောင် ၈ သောင်းလောက်ကို ခွေးရူးရောဂါကာကွယ်ရေး အခမဲ့ ထိုးနှံပေးနေပါတယ်။
မြို့နယ် တမြို့နယ်ကို ခွေး၊ ကြောင် အကောင်ရေ ၃၀၀ နှုန်းနဲ့ မေလအတွင်း ခွေးရူးရောဂါကာကွယ်ဆေး ထိုးနှံပေးနေတာပါ။
ခွေးမှခွေးရူရောဂါမဖြစ်ပွားစေဖို့နဲ့ ခွေးတွေနဲ့ လက်ပွန်းတတီးနေထိုင်တဲ့ ခွေးပိုင်ရှင်တွေအနေနဲ့ ခွေးရူးရောဂါမကူးဆက်စေဖို့ ရည်ရွယ်ပြီး တိုင်းဒေသကြီးအစိုးရရဲ့ စီမံချက်နဲ့ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးနေတာလို့ ဖျာပုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မြင့်က ပြောပါတယ်။
ဧရာဝတီတိုင်းဒေသကြီးရန်ပုံငွေနဲ့ စီမံချက်ချပြီး ခွေးရူးရောဂါကာကွယ်ဆေးကို တိုင်းဒေသ
ကြီးအတွင်းရှိ မြို့နယ်ပေါင်း ၂၆ မြို့နယ်မှ တမြို့ နယ်ကို ခွေးရူးကာကွယ်ဆေးအလုံး ၃၀၀ အား မေလအတွင်း ခွေ၊ ကြောင်အကောင်ရေ ၇၈၀၀ ထိုးနှံသွားမယ်လို့ သိရပါတယ်။
ဖျာပုံမြို့နယ်မှာတော့ ခွေး ၁၆၉ ကောင်နဲ့ ကြောင်အကောင်ရေ ၇၀ အား ထိုးနှံပြီးဖြစ်တယ်လို့ သိရပါတယ်။
ကျော်စိုးမိုး (ဖျာပုံ)