အာရှဘိလိယက်ပြိုင်ပွဲတွင် နေသွေးဦး ချန်ပီယံဆု ရရှိ
DVB
·
May 4, 2019
အိန္ဒိယနိုင်ငံမှာ ကျင်းပတဲ့ Asian U-21and Ladies Snooker & Billiards Championship India ပြိုင်ပွဲမှာ မြန်မာဘိလိယက်လက်ရွေးစင် နေသွေးဦးက အာရှချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
နောက်ထပ် မြန်မာဘိလိယက်လက်ရွေးစင်တဦးဖြစ်တဲ့ ချစ်ကိုကိုကတော့ တတိယဆုရရှိခဲ့ပါတယ်။
အဒ်ဗန်နီ၊ ပရာပွတ်၊ ကိုသာရီတို့လို ကမ္ဘာ့ချန်ပီယံတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဲ့ဒီပြိုင်ပွဲမှာ နေသွေးဦးရော ချစ်ကိုကိုပါ လက်စွမ်းပြနိုင်ခဲ့ပေမယ့် ဆီမီးဖိုင်နယ်မှာ နိုင်ငံတူချင်း ပြန်တွေ့ခဲ့ပြီး နေသွေးဦးနဲ့ ချစ်ကိုကိုတို့ ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။
အတွေ့အကြုံပိုသာတဲ့ နေသွေးဦးက ၅ ပွဲ ၃ ပွဲနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့ပြီး ဗိုလ်လုပွဲမှာ ထိုင်းနာမည်ကြီး ဘိလိယက်ချန်ပီယံ ပရာပွတ်နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဗိုလ်လုပွဲမှာတော့ နေသွေးဦးက ၆ ပွဲ ၂ ပွဲနဲ့ အနိုင်ရရှိပြီး အာရှဘိလိယက်ချန်ပီယံဆုကို ၁၃ နှစ်အကြာမှာ မြန်မာနိုင်ငံကိုယ်စားပြု ပြန်လည်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။