Home
မြန်မာသတင်း
ချီလီတွင် ဆန္ဒပြကျောင်းသားများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့
DVB
·
April 26, 2019
chilean
ချီလီနိုင်ငံ ဆန်တီယေဂိုမြို့မှာ ဧပြီ ၂၅ ရက်က ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ အစပိုင်းမှာ ထောင်ချီတဲ့ ကျောင်းသားတွေဟာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ချီတက်လာပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ဆန္ဒပြသူတွေကို ဖြိုခွင်းခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ရေနဲ့ မျက်ရည်ယိုဗုံးတွေ သုံးပြီး ကျောင်းသားအုပ်ကို လူစုခွဲချိန် ကျောင်းသားတွေကလည်း ခဲတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ ဒါဟာ အခုနှစ်တွင်း ချီလီနိုင်ငံရဲ့ ပထမဆုံး ဆန္ဒပြပွဲဖြစ်ပြီး အထက်တန်း ကျောင်းသားတွေနဲ့ တက္ကသိုလ်ကျောင်းသားတွေက အစိုးရအနေနဲ့ ကျောင်းသားတွေ ကြွေးမြီတင်နေတာကို အဆုံးသတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024