ပြိုကျပျက်စီးခဲ့သည့် မိုင်းတုံဆည် ပြုပြင်နေမှု ရှမ်းပြည်နယ်အစိုးရ စစ်ဆေး
DVB
·
April 21, 2019
မနှစ်က မိုးရာသီမှာ ပြိုကျပျက်စီးခဲ့တဲ့ မိုင်းတုံမြို့က ကိုယ့်အားကိုယ်ကိုးဆည် ပြန်လည်ထိန်းသိန်း ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဧပြီ ၂၀ ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့က စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ လျှပ်စစ်စွမ်းအင်နှင့် စက်မှူဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံတို့ ကြည့်ရှုစစ်ဆေးခဲ့တာပါ။
အဲ့ဒီဆည် ပြုပြင်ထိန်းသိမ်းဖို့ ရှမ်းပြည်နယ်အစိုးရက ငွေကျပ်သိန်း ၇၁၇.၅ သိန်း ခွင့်ပြုပေးခဲ့ပြီး မိုင်းတုံမြို့ ကိုယ့်အားကိုယ်ကိုး ရေအားလျှပ်စစ်ကော်မတီ၊ ဆည်မြောင်းဦးစီးဌာန အကူအညီနဲ့ ပုံစံထုတ်အသစ်တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။