လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား ၁၄၂ ဦး လွတ်မြောက်
DVB
·
April 18, 2019
ဧပြီ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၁၃၉ ဦး နဲ့ အကျဉ်းသူ ၃ ဦး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်တဲ့ အကျဉ်းသား/သူတွေအား လွတ်လက်မှတ် စားသောက်စရိတ်နဲ့ ခရီးစရိတ်တွေကို သာယာဝတီဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမမှာ တာဝန်ရှိသူတွေက ပေးအပ်ခဲ့ကြတယ်လို့ အကျဉ်းထောင်တာဝန်ရှိသူတဦးက ပြောပါတယ်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ/သား ၉၅၃၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သမ္မတရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။
သတင်း - ဝဏ္ဏထွန်း