မန္တလေးသင်္ကြန် အကျနေ့အထိ ဒဏ်ရာရသူ ၆၅ ဦး၊ သေဆုံးသူ ၃ ဦး ရှိ
DVB
·
April 15, 2019
မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ သင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်က ဒဏ်ရာရရှိသူ ၆၅ ဦးနဲ့ သေဆုံးသူ ၃ ဦးရောက်ရှိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ပါတယ်။
ယာဉ်တိုက်မှုကြောင့် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၆ ဦး ဒဏ်ရာရရှိခဲ့ရာ အမျိုးသား ၂ ဦးသေဆုံးခဲ့ပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆေးရုံကြီးသို့ ရောက်ရှိတဲ့လူနာ အမျိုးသား ၃၁ ဦး အမျိုးသမီး ၄ ဦးရှိခဲ့ပြီး သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။
သေမှုသေခင်းကတော့ စိတ်မနှံ့တဲ့ အမျိုးသမီးတဦး ကျုံးရေပြင်အတွင်း ခုန်ချသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။
ခိုက်ရန်ဖြစ်ပွားမှုကြောင့်ဒဏ်ရာရတဲ့ လူဦးရေ စာရင်းနှိုင်းယှဉ်ပါက သင်္ကြန်အကျနေ့မှာ သင်္ကြန်အကြိုနေ့ထက် ပိုများလာပါတယ်။
သင်္ကြန်အကြိုနေ့က ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဆေးရုံကြီးကို ရောက်ရှိတဲ့လူနာ ကျား ၁၀ ဦး မ ၅ ဦးရှိခဲ့ပေမယ့် သင်္ကြန်အကျနေ့မှာ ခိုက်ရန်ဖြစ်ပွားတာကြာင့် ဆေးရုံကြီးသို့ ရောက်ရှိတဲ့လူနာ ကျား ၃၁ ဦး မ ၄ ဦးရှိခဲ့ပါတယ်။
သင်္ကြန်အကြိုနေ့က မန္တလေးအထွေရောဂါကုဆေးရုံကြီးမှာ ဒဏ်ရာရရှိသူ ၃၄ ဦးနဲ့ သေဆုံးသူ ၃ ဦးရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း/ဓာတ်ပုံ- နိုင်လင်းဦး