Home
မြန်မာသတင်း
လူနေမှုပုံစံ ပြောင်းလဲတိုးတက်လာသဖြင့် သင်္ကြန်တွင်ရွေးချယ်စရာများလာဟု ရန်ကုန်မြို့တော်ဝန်ပြော
ထကျလူ
·
April 14, 2019
wg
ရန်ကုန်မြို့ရဲ့ လူနေမှုပုံစံဟာ ပြောင်းလဲတိုးတက်လာတာကြောင့် မြို့သူမြို့သားတွေအနေနဲ့ သင်္ကြန်မှာ ရွေးချယ်စရာပိုများပြားလာခဲ့တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ဗိုလ်စိန်မှန်ကွင်းမှာ ပြုလုပ်တဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန် ဆုပေးမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားမှာ ပြောပါတယ်။ “ဆင်းရဲတဲ့ လက္ခဏာဆိုတာ ရွေးချယ်စရာတခုပဲရှိတာကြောင့် အခုလို ရွေးချယ်စရာ များပြားလာခြင်းဟာ တိုးတက်မှုလက္ခဏာဖြစ်တယ်။ အရင်ကပြည်သူတွေအနေနဲ့ ပျော်ရွှင်မှု၊ လွတ်လပ်ခွင့်၊ ပြောဆိုခွင့်၊ နှုတ်ပိတ်၊ ခြေပိတ်၊ လက်ပိတ် အကုန်ပိတ်ခံ ထားရတာကြောင့် ဗဟိုမဏ္ဍပ်တခုထဲကိုပဲ လာခဲ့ရတာကြောင့်လူတွေရဲ့ ပင်ပန်းမှုဟာ အရမ်းများခဲ့တယ်”လို့ မြို့တော်ဝန်က ဆိုပါတယ်။ ဒါတွေကို ပြင်ဆင်ဖို့အတွက် ဗဟိုဦးစီးစနစ်အရဖြေလျော့တဲ့နည်းကိုသုံးခဲ့ပြီး ၂၀၁၆ နှစ်က စလို့ သင်္ကြန်ကိုစည်စည်ကားကားကျင်းပခဲ့ကြောင်း၊ အဲ့ဒီကတဆင့် မဏ္ဍပ်ကြီးတွေ၊ လမ်းလျှောက်သင်္ကြန်တွေနဲ့ သံချပ်တွေ ဖြစ်လာခဲ့သလို အခုဆိုရင် နယ်ခရီးတွေပါ ထွက်နေကြပြီလို့  မြို့တော်ဝန်က ပြောသွားပါတယ်။ စတုတ္ထအကြိမ်မြောက်ကျင်းပတဲ့ ဒီပွဲမှာတော့ ယိမ်းနဲ့ သံချပ်ပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပြီး သံချပ်ယှဉ်ပြိုင်မယ့်လူငယ်တွေရဲ့ အပြုသဘောဆောင်တဲ့ ထောက်ပြမှုတွေကိုလည်း နားထောင်သွားမယ်လို့ ဆိုပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် အဖွဲ့တွေအနေနဲ့ သံချပ်တွေကို စိစစ်ရေးကို ကြိုတင် တင်ပြထားတယ်လို့ သိရပါတယ်။ သတင်း/ဓာတ်ပုံ-ထက်လူ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024