ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံပွဲ ဖားကန့်တွင် ကျင်းပ၊ လူ ၃၀၀၀ ကျော်တက်ရောက်
DVB
·
April 5, 2019
အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပွဲကို ကချင်ပြည်နယ် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်က လွပ်လပ်ရေး ကျောက်တိုင်ကွင်းမှာ ကျင်းပခဲ့ပြီး ပြည်သူ ၃၀၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီလိုအခြေခံဥပဒေကို ပြင်ဆင်ရေးကို ထောက်ခံပွဲ ကျင်းပရတာဟာ ငြိမ်းချမ်းရေး လိုလားတာကြောင့် ပြုလုပ်ရတာလို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံပွဲ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးသိန်းတက ပြောပါတယ်။
ခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် အခုချိန်ဟာ အချိန်ကောင်းဖြစ်ပြီး လက်ရှိ အန်အယ်လ်ဒီ အစိုးရလက်ထက် ပြင်ဆင်နိုင်မယ်ဆိုတာ ယုံကြည်တယ်လို့လည်း ဖားကန့်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ထောက်ခံဆန္ဒပြပွဲတွေကို နိုင်ငံတ၀န်းက မြို့တွေမှာ ကျင်းပနေကြတာပါ။