ရန်ကုန်-ပြည်ကားလမ်းတွင် ယာဉ်သုံးစီးဆင့်တိုက်၊ ၂ ဦးသေ ၃ ဦးဒဏ်ရာရ
DVB
·
April 4, 2019
ပဲခူးတိုင်းအနောက်ခြမ်း သုံးဆယ်မြို့ မကျီးကွင်းကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်းမှာ ဧပြီလ ၃ ရက်နေ့ည ၈ နာရီလောက်က ကားသုံးစီး ဆင့်တိုက်မှုဖြစ်ပွားခဲ့တဲ့အတွက် ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
သုံးဆယ်မြို့နေ ယာဉ်မောင်းမိုးမြင့်ဇော်မောင်းနှင်တဲ့ ဖော်ကားပျက်နေတာကို ချမ်းမြေ့ဦး ထော်လာဂျီနဲ့ ပြန်ဆွဲလာချိန် ယာဉ်မောင်း ဝင်းနိုင် မောင်းနှင်လာတဲ့ Misushita-Fous ကာuး အနောက်ကဝင်တိုက်တဲ့အတွက် လမ်းဘေးထိုးကျသွားခဲ့တာပါ။
ယာဉ်မောင်း ချမ်းမြေ့ဦး နဖူးပေါက်ပြဲ/ယာခြေကျိုးဒဏ်ယာ၊ သန်းထွန်းမြင့် ယာပေါင်ထိခိုက်ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရပြီး ယာဉ်မောင်း မိုးမြင့်ဇော်နဲ့ ဝင်းနိုင်တို့မှာ ရရှိဒဏ်ရာတွေနဲ့ ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ဝင်းနိုင် (သေဆုံး) ရွှေတောင်မြို့နေသူကို သုံးဆယ်နယ်မြေရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၄ (က) ၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သုံးဆယ်နယ်မြေရဲစခန်းက တာဝန်ရှိသူတဦးကပြောပါတယ်။
သတင်း - မေသွယ်