ငြိမ်းချမ်းရေးဆိုင်ကယ်စီး လှုပ်ရှားမှုအဖွဲ့ တောင်ကြီးရောက်ရှိ
DVB
·
March 30, 2019
မိုင် ၁၅၀၀ ကျော်ခရီးနဲ့ ငြိမ်းချမ်းရေး ဆိုင်ကယ်စီးကမ်ပိန်း လှုပ်ရှားမှုအဖွဲ့ဟာ လွိုင်ကော်မြို့ကနေ တောင်ကြီးကို မတ်လ ၂၉ ညနေပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။
နှစ်လကြာရှည် ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို ရပ်တန့်စေဖို့၊ ငြိမ်းချမ်းရေးမှာ ပြည်သူတွေ ပူးပေါင်းပါဝင်လာစေဖို့ ရည်ရွယ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားသမဂ္ဂ ကိုမင်းသွေးသစ်က ပြောပါတယ်။
စစ်ပွဲဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသမှာ ရပ်တန့်စေဖို့ တိုင်းရင်းသားတွေကို ကိုယ်ချင်းစာတဲ့အနေနဲ့ ဒီလှုပ်ရှားမှူကို ပြုလုပ်နေကြတာပါ။
ခရီးစဉ်ဟာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာပြီး တောင်ငူ၊ လွိုင်ကော်၊ တောင်ကြီး၊ လားရှိုး၊ သီပေါကနေ ရန်ကုန်ကို ပြန်ဆင်းသွားမှာ ဖြစ်ပါတယ်။
ကျောင်းသားသမဂ္ဂအဖွဲ့၊ နိုင်ငံရေး လှုပ်ရှားသူများ၊ တသီပုဂ္ဂလများ စုစုပေါင်း ဆိုင်ကယ် အစီး ၂၄ စီး၊ လူအင်အား ၆၀ နဲ့ ပြုလုပ်ခဲ့ပါတယ်။