မင်းသား ဝေဠုကျော်အမှု ရုံးချိန်းထပ်မံချိန်းဆို
DVB
·
March 28, 2019
ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲခံထားရတဲ့ သရုပ်ဆောင် မင်းသားဝေဠုကျော်ရဲ့အမှု ဒီကနေ့ရုံးချိန်းမှာ သူ့ရဲ့ ရှေ့နေ ဦးပိုးဖြူ မလာရောက် နိုင်တာကြောင့် ဧပြီလ ၁၁ရက်ကို ရုံးချိန်း ပြန်လည်ချိန်းဆိုလိုက်ပါတယ်။
သရုပ်ဆောင် ဝေဠုကျော်ဟာ အလှမယ်သင်းသင်းထံက ကာမလိမ်လည်ရယူခဲ့တယ်ဆိုပြီး သင်္ဃန်ကျွန်းမြို့နယ်တရားရုံးမှာ တရားစွဲခံနေရတာဖြစ်ပြီး တရားရုံးက ငွေကျပ်သိန်း ၅၀ နဲ့ အာမခံ လျှောက်ထားမှုကို လက်ခံပေးထားပါတယ်။