ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား ပြည်သူ့ရင်ပြင်တွင် ကျင်းပ
DVB
·
March 15, 2019
စားသုံးသူတွေအနေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို သိရှိစေဖို့အတွက် ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ် ၁၅ ရက်နေ့က ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ခဲ့ပါတယ်။
စားသုံးသူရပိုင်ခွင့် အခွင့်အရေး ၈ ချက်ထဲမှာ အခြေခံလိုအပ်ချက်တွေ ရပိုင်ခွင့်၊ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲပိုင်ခွင့်၊ သတင်းအချက်အလက် ရပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်၊ အရေးဆိုတင်ပြပိုင်ခွင့်၊ လျော်ကြေးရပိုင်ခွင့်၊ စားသုံးသူဆိုင်ရာ အသိပညာရပိုင်ခွင့်၊ သန့်ရှင်းကျန်းမာသော ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ခွင့် စတာတွေ ပါရှိပါတယ်။
စားသုံးသူတွေအနေနဲ့ မိမိတို့ရဲ့ ရသင့်တဲ့ အခွင့်အရေး ချိုးဖောက်ခံရရင် စားသုံးသူများသမဂ္ဂကို အွန်လိုင်းကတဆင့် တိုင်ကြားနိုင်ပြီး မှန်မှန်ကန်ကန် တိုင်ကြားလာသူတွေကို ဖုန်းဘေလ် ၃၀၀၀ ကျပ် ပြန်လည်ဖြည့်သွင်းပေးမယ်လို့ မြန်မာစားသုံးသူများသမဂ္ဂရဲ့ တာဝန်ရှိသူက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - ဆုဆုသွယ်