Home
မြန်မာသတင်း
ဒေါက်တာအေးမောင်၏သားဖြစ်သူကို  ရခိုင့်ဦးဆောင်ပါတီ ကိုယ်စားလှယ်အဖြစ်သတ်မှတ်
DVB
·
March 14, 2019
53651619_754084021614274_2712559008937410560_n
ဒေါက်တာအေးမောင်ရဲ့ သားဖြစ်သူ တသီးပုဂ္ဂလအမတ် ဦးတင်မောင်ဝင်းကို ရခိုင့်ဦးဆောင်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းဟာ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ရသေ့တောင် အမှတ်(၂) မဲဆန္ဒနယ်မှာယှဉ်ပြိုင်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဦးတင်မောင်ဝင်းဟာ ရခိုင့်ဦးဆောင်ပါတီကို တည်ထောင်သူ ၂၁ ဦးထဲက တဦးအပါအဝင်ဖြစ်တာကြောင့် ပြောင်းလဲသတ်မှတ်ပေးဖို့ တင်ပြလာတဲ့အတွက် ဖေဖော်ဝါရီ ၂၇ ရက်မှာပြုလုပ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အစည်းအဝေးကနေ ဆုံး ဖြတ်လိုက်တာလို့  ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဦးတင်မောင်ဝင်းက “ကျနော်က ပါတီတည်ထောင်သူ ၂၁ ဦးထဲက တယောက်ပါလေ။ ကျနော်ရွေးကောက်ပွဲဝင်ပြိုင်တဲ့ အချိန်က ပါတီက မှတ်ပုံတင် မရသေးဘူး။ တည်ထောင်ခွင့် လျှောက်ထားဆဲပဲ ရှိတယ်။ အခုက ကျနော်တို့ပါတီမှတ်ပုံတင်ကျလာပြီဆိုတော့ ကျနော် တသီးပုဂ္ဂလအဖြစ် ကနေ ပါတီကိုယ်စားပြုအဖြစ် တခါတည်း ပြောင်းလိုက်တာပါ”လို့ ပြောပါတယ်။ ဒါပေမယ့် ပါတီတွင်းတာဝန်ခွဲဝေမှုတွေ မလုပ်ရသေးသလို လတ်တလောမှာလည်း ပါတီက ဘာလုပ်ဆောင်မှုတွေမှ မရှိသေးဘူးလို့ ဆိုပါတယ်။ နိုင်ငံတော်ပုန်ကန်မှုပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဟောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကတော့ အဲဒီပါတီဟာ သူကိုယ်တိုင် ဦးဆောင်တဲ့ပါတီဖြစ်ပြီး အငြိမ်းစား စစ်မှုထမ်းတွေ၊ တက္ကသိုလ် ပါမောက္ခတွေ၊ ရခိုင်လူငယ်တွေ အများအပြားပါဝင်မယ်လို့ ပြောထားပါတယ်။ သတင်း-ဓာတ်ပုံ ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024