Home
မြန်မာသတင်း
ဂျပန်က လှူဒါန်းသည့် ကမ်းရိုးတန်းသွား ကစ္ဆပနဒီ ၃ အမြန်ရေယာဉ် ကျောက်ဖြူရောက်ရှိ
DVB
·
March 9, 2019
ship
ဂျပန်နိုင်ငံ ပြည်သူတွေက ပေးအပ်လှူဒါန်းတဲ့ ကမ်းရိုးတန်းသွား ကစ္ဆပနဒီ ၃ အမြန်ရေယာဉ်အသစ်ဟာ  ကျောက်ဖြူမြို့ကို မတ် ၈ ရက်နေ့က ရောက်ရှိခဲ့ပါတယ်။ ကစ္ဆပနဒီ ၃ ရေယာဉ်ကို ကျောက်ဖြူဆိပ်ကမ်းမှာ  ဂျပန်နိုင်ငံက ကျွမ်းကျင် အင်ဂျင်နီယာတွေက လိုအပ်တဲ့ ပစ္စည်းတွေ တပ်ဆင်တာကို မတ် ၉ ရက်ကနေ ၁၁ ရက်နေ့အထိ  လုပ်ဆောင်မှာပါ။ မတ် ၁၂ ရက်နေ့မှာ စမ်းသပ်မောင်းနှင်ပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးကို လွှဲပြောင်းပေးအပ်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဂျပန်ပညာရှင်တွေက မြန်မာဝန်ထမ်းတွေကို သင်တန်းတွေ ပို့ချပြီးရင် ကျောက်ဖြူကနေ စစ်တွေကို ပို့ဆောင်မှာပါ။ ကစ္ဆပနဒီ ၃ ရေယာဉ်ကို အလူမီနီယံကိုယ်ထည်နဲ့ တည်ဆောက်ကာ ခရီးသည်အယောက် ၁၅၀ နဲ့ ရေယာဉ်ဝန်ထမ်း ၁၀ ယောက် တင်ဆောင်နိုင်ပြီး တနာရီကို ရေမိုင် ၂၀ မိုင်နှုန်း မောင်းနှင်နိုင်တဲ့ ကမ်းရိုးတန်းသွား အမြန်ရေယာဉ် အမျိုးအစား ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024