Home
မြန်မာသတင်း
နိုင်ငံတကာအမျိုးသမီးများနေ့ စစ်ဘေးရှောင်ဒုက္ခသည်းစခန်းတွင် ကျင်းပ
DVB
·
March 9, 2019
sit4
sit3
sit1
sit
sit1
နိုင်ငံတကာအမျိုးသမီးများနေ့ အခမ်းအနားကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝါးတောင် ကယ်ဆယ်ရေးစခန်းမှာ မတ်လ ၈ ရက်နေ့က ရခိုင်အမျိုးသမီးများ အစည်းအရုံးက ဦးဆောင်ကျင်းပခဲ့ပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ ဆက်တိုက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားတာ ၃ လကျော်ထိ ကြာမြင့်လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးရမယ့်အစား ဒုက္ခသည်တွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကိုတောင် အစိုးရဘက်က ကူညီပေးနိုင်မှု အားနည်းနေးသေးတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် အကြံပေးအဖွဲ့ဝင်လည်းဖြစ် ရခိုင်အမျိုးသမီးများ အစည်းအရုံး ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒေါ်စောစံငြိမ်းသူကပြောပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေဖြစ်လာတိုင်း အမျိုးသမီးတွေမှာ မလုံခြုံမှု၊ စိတ်ဒဏ်ရာတွေ ပိုပြီးခံရသလို့ အထူးသဖြင့် ရခိုင်ဒေမှာ ဖြစ်ပွားနေတဲ့ စစ်ဘေးသင့် အမျိုးသမီးထုဟာ စိတ်ဖိစီးမှုအပါအဝင် မလုံခြုံမှုတွေ ပိုမိုများပြားလာနေရတယ်လို့ ဆိုပါတယ်။ စစ်ဘေးရှောင်တွေဟာ ရခိုင်ပြည်နယ်မြောက်ကိုင်းက မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင် စတဲ့ မြို့နယ်တွေမှာ တိမ်းရှောင်နေကြတာဖြစ်ပြီး လက်ရှိမှာ ဒုက္ခသည် ၁ သောင်းကျော်လောက်ရှိနေပြီလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒါ့အပြင် စစ်ပွဲတွေကြောင့် ထွက်ပြေးလာကြသူတွေထဲမှာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေလည်း အများအပြားပါဝင်နေတယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024