ဖေဖော်ဝါရီလတွင် တနိုင်ငံလုံး လောင်းကစားမှု ၃၀၀ ကျော် ဖမ်းမိ
DVB
·
March 9, 2019
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက တနိုင်ငံလုံးမှာ လောင်းကစားမှု ၃၀၀ ကျော်ဖမ်းမိခဲ့ပြီး ထက်ဝက်လောက်က ရန်ကုန်တိုင်းထဲမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းထဲမှာ ၁၅၄ မှုနဲ့ အများဆုံးဖမ်းမိပြီး ပဲခူးတိုင်းမှာ အမှု ၅၀၊ ဧရာဝတီတိုင်းမှာ ၃၃ မှု၊ မန္တလေးတိုင်းမှာ ၂၉ မှု ဖမ်းဆီးမိခဲ့ပြီး တနိုင်ငံလုံးမှာတော့ ၃၄၆ မှု ဖမ်းမိခဲ့ပါတယ်။
လောင်းကစားမှုတွေထဲမှာ နှစ်လုံးထီက ၁၄၇ မှုဖြစ်လို့ အများဆုံးဖြစ်ပြီး ဖဲက ၆၄ မှု၊ ချဲထီက အမှု ၅၀ ဖြစ်ပါတယ်။
ဒီအမှုတွေအတွက် တရားခံ ၈၃၄ ယောက်ဖမ်းဆီးထားပြီး လောင်းကြေးငွေ ကျပ်သိန်း ၃၂၀ ကျော်ဖမ်းဆီးမိတယ်လို့လည်း ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့စာရင်းမှာ ကယားနဲ့ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းတို့ မပါပါဘူး။