Home
မြန်မာသတင်း
သရပါ အလုပ်​သမားအ​ရေး တရားစွဲဆိုခံရသူများကို ​ထောင်​ဒဏ်​ ၁ လချမှတ်
DVB
·
March 2, 2019
police
wg
ညောင်​ဦးမြို့နယ်​ ပုဂံ​ရှေး​ဟောင်း​ဒေသက သရပါဟိုတယ်​က အလုပ်​ဖြုတ်​ခံရ​တဲ့ အလုပ်​သမားတွေ အလုပ်​ပြန်​ရရှိ​ရေး ​တောင်းဆို ဆန္ဒ​ဖော်​ထုတ်​သူတွေကို မတ်လ ၁ ရက်နေ့က ​ထောင်​ဒဏ်​ ၁ လ စီ အမိန့်​ချမှတ်​လိုက်​​တယ်လို့ ​ညောင်​ဦးမြို့နယ်​ တရားရုံး တာဝန်​ရှိသူက ​ပြောပါတယ်​။ သရပါဟိုတယ် အလုပ်​ဖြုတ်​ခံရတဲ့ အလုပ်​သမားအ​ရေးအတွက်​ ဦး​ဆောင်​သူ ကို​နေမျိုးဝင်းကို ခွင့်​ပြုချက်​တင်​ဖို့ ပျက်​ကွက်​မှု၊ ငြိမ်းစုစီ ဥပ​ဒေပုဒ်​မ ၁၉ နဲ့​ စွဲဆိုထား​သော အမှု ၃ မှုနဲ့ ​ထောင်​ဒဏ်​ ၁ လ အမိန့်​ချခဲ့ပါတယ်။ ​နေပြည်​​တော်​ကို ချီတက်ဖို့ စီတန်းလှည့်လည်​ခဲ့​တဲ့ သပိတ်​စစ်​​ကြောင်းက ဖမ်းဆီးထိန်းသိမ်းခံရသူ ၁၃ ယောက်ထဲက တင်​​ဇော်​ဝင်း၊​ အောင်​ဆန်းလင်း၊ ဟိန်းသူရ​ဇော်​၊ မမာလာစိုးနဲ့ မယမင်းထွန်းတို့ကိုလည်း ​ထောင်​ဒဏ်​ ၁ လစီ အမိန့်​ချမှတ်​ခဲ့တာပါ။ ရုံးချိန်းဆိုမှုကို မလာ​ရောက်​တဲ့ ကျန်​ ၈ ယောက်ကို တရားခံ​ပြေးအဖြစ်​ ​သတ်မှတ်​သွားမယ်လို့ သိရပါတယ်။ ပုဂံသရပါဟိုတယ် အလုပ်သမားတွေအနေနဲ့ အလုပ်ပြန်လည်ခန့်ထားေးပေးရေးအတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ပြီး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့ရာ ၂ လ အကြာမှာ သပိတ်စခန်းဖြိုခွင်းခံခဲ့ရပါတယ်။ ဒီနောက် ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ သရပါဟိုတယ်က အလုပ်ထုတ်ခံအလုပ်သမားတွေအပါအ၀င် ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံ၊ ပါဝါဓာတ်ခဲစက်ရုံ စတဲ့ အလုပ်ထုတ်ခံ အလုပ်သမားတွေ စုပေါင်းပြီး ပုဂံကနေ နေပြည်တော်ကို ချီတက်ဆန္ဒပြခဲ့ရာမှာ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတာပါ။ ကိုလင်း(​ချောက်​)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024