မတ်လ ၁၀ ရက်ပတ်အတွင်း တိုင်းနှင့်ပြည်နယ်အချို့တွင် မြူထူများ ဆိုင်းနိုင်
DVB
·
February 28, 2019
လာမယ့် မတ်လ ၁၀ ရက်ပတ်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ မြူထူများ ဆိုင်းနိုင်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ဒေသကြီးတို့နဲ့ ရခိုင်၊ ကယား၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ ၆ ရက်ကနေ ၈ ရက်လောက်ထိ မနက်ပိုင်း မြူထူများ ဆိုင်းနိုင်တယ်လို့ဆိုပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကချင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တို့မှာတော့ ၃ ရက်ကနေ ၅ ရက်လောက် မနက်ပိုင်း မြူထူများ ဆိုင်းနိုင်းတယ်လို့ ဖော်ပြထားပါတယ်။