မိုးကောင်းမြို့တွင် မြေငလျင်လှုပ်ခတ်
DVB
·
February 16, 2019
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ဒီနေ့မနက်အစောပိုင်းက မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့ မြန်မာစံတော်ချိန် ၀၄ နာရီ၊ ၄၁ မိနစ်၊ ၂၂ စက္ကန့် အချိန်က မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၅၆ မိုင် လောက် ကွာဝေးတဲ့ မိုးကောင်းမြို့ရဲ့ အနောက်ဘက် မိုင် ၂၀ ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၂၉ ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် ၉၆.၆၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၄.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။