သြစတေးလျမှာ ဖခင်ရဲ့သီချင်းကို အတူသီဆိုကြတဲ့ အိမ့်ချစ်တို့ မောင်နှမ (ရုပ်သံ)
DVB
·
February 14, 2019
“မင်းရဲ့မျက်နက်ဝန်းထဲ… ငုံ့ကြည့်လိုက်စဉ်ဝယ်… ရင်မှာမြည်တဲ့ ခေါင်းလောင်းသံ လေးရယ်… အချက်ပေးနေတာလားကွယ်… မတော်တဆပဲလားကွယ်… ရင်ထဲက နားနဲ့ ကြားတဲ့ စကားရဲ့ အဓိပ္ပါယ်ရှာဆဲပဲ”
ဒါကို မြင်လိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ နားလည် ပေးပါ ကလေးရယ်ဆိုတဲ့ သီချင်းထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။
ဒီသီချင်းဟာ ဆယ်စုနှစ်ပေါင်းများစွာ ပရိသတ်ရင်ထဲ အခိုင်အမာရှိခဲ့တဲ့ နာမည် ကြီးတေးသံရှင် ချစ်ကောင်း သီဆိုခဲ့တဲ့ သီချင်းတပုဒ်ဖြစ်ပြီး အဆိုတော်ပေါင်းများစွာက ပြန်လည်သီဆိုခဲ့ကြတဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။
“မင်းရဲ့နှလုံးသားလေးထဲ… အမြဲစီးဆင်းနေတဲ့… ရေတံခွန်ပေါ်မှာ အချစ်ပွင့်တွေ ရှိတယ်… ဒီပန်းပွင့်လေးတွေခုန်ဆင်း… ရေတံခွန်လေးလဲ ချို့ယွင်း… အလှဘုရားမလေး လည်း… သနားစရာအလှနဲ့အားငယ်နေဆဲပဲ”
ဒီတခါမှာတော့ ချစ်ကောင်းမျိုးဆက် အနုပညာမောင်နှမ ၂ ယောက်ဖြစ်တဲ့ သမီး ဖြစ်သူ အိမ့်ချစ်နဲ့ မောင်ဖြစ်သူတို့ အတူတွဲသီဆိုမှုနဲ့ ပရိသတ်တွေက ရှုစားနားဆင်ကြရ မှာ ဖြစ်ပါတယ်။
ဒီသီချင်းကိုတော့ သူတို့ မောင်နှမ ၂ ယောက် သြစတေးလျနိုင်ငံကို ခရီးထွက် ချိန်မှာ အမှတ်တရ သီဆိုပြီး ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် ပြန်လည်မျှဝေထားခဲ့တာ ဖြစ်ပါတယ်။
“အချစ်ကလေး… ကိုယ့်ကိုနားလည်ပေးပါ ကလေးရယ်… အချစ်ကလေး… ကိုယ့် ကိုနားလည်ပေးပါ ကလေးရယ်… လူတွေလူတွေ မင်းကိုမျက်စောင်းထိုး… ကလေးဘ၀ ဆိုးမှာစိုး… ကိုယ့်ကြောင့်ဖြူစင်သေးတဲ့ကလေးကို… လူအထင်သေးမှာ စိုးတယ်… ကြိုတင်ကာ လက်တွဲဖြုတ်ခဲ့ပြီကွယ်”
ရှုခင်းအလှအပတွေနဲ့ မောင်ဖြစ်သူက ဂစ်တာတီး၊ အစ်မဖြစ်သူ အိမ့်ချစ်က ဘေးမှာ အတူသီဆိုထားခဲ့ကြတဲ့ သီချင်းရုပ်သံဗွီဒီယိုဖိုင်ရဲ့ အညွှန်းမှာတော့ ခုလိုရေးထားခဲ့ တာပါ။
“ခရီးသွားရင်း အမှတ်တရအဖြစ် အဖေ့ရဲ့ နားလည်ပေးပါကလေးရယ် သီချင်းကို ဆိုပြီး ရိုက်ခဲ့တဲ့ One Shot Clip လေးပါ။ One shot မို့ ဆိုတာမကောင်းရင် နားလည် ပေးပါခင်ဗျာ”