အိန္ဒိယ-မြန်မာနယ်စပ်တွင် အင်အား ၅.၄ အဆင့်ရှိ မြေငလျင်လှုပ်ခတ်
DVB
·
February 10, 2019
အိန္ဒိယ-မြန်မာနယ်စပ်မှာ အင်အားအသင့်အတင်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့မနက် မြန်မာစံတော်ချိန် ၀၉ နာရီ၊ ၅၂ မိနစ်၊ ၀၆ စက္ကန့် အချိန်က မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၁၅၂ မိုင်လောက် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပ (India- Myanmar Border Region) မြောက်လတ္တီတွဒ် (၂၇.၄၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၉) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၅.၄ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။